ယေ​ဇ​ကျေ​လ 10:2-4 Common Language Bible (BCL)

2. ဘု​ရား​သ​ခင်​က​ပိတ်​ချော​ထည်​ဝတ်​ဆင် ထား​သူ​အား``ထို​သတ္တ​ဝါ​တို့​၏​အောက်​၌​ရှိ သော​ရ​ထား​ဘီး​များ​အ​ကြား​သို့​သွား​၍ ထို​သတ္တ​ဝါ​တို့​၏​ကြား​ရှိ​မီး​ကျီး​ခဲ​တို့ ကို​လက်​ခုပ်​ဖြင့်​ကျုံး​ကာ​မြို့​ပေါ်​သို့​ကြဲ ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ထို​သူ​သည်​လည်း​ငါ​၏​ရှေ့​မှောက်​၌​ပင် ထွက်​သွား​၏။-

3. သူ​ဝင်​လာ​သော​အ​ခါ​သတ္တ​ဝါ​တို့​သည်​ဗိ​မာန် တော်​၏​တောင်​ဘက်​တွင်​ရပ်​နေ​ကြ​၏။ ဗိမာန် တော်​အ​တွင်း​တံ​တိုင်း​သည်​လည်း​မိုး​တိမ် ဖြင့်​ပြည့်​၏။-

4. ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​အ​သ​ရေ တော်​သည် ထို​သတ္တ​ဝါ​များ​မှ​အ​ထက်​သို့​လျှံ တက်​ပြီး​လျှင် ဗိ​မာန်​တော်​အ​ဝင်​ဝ​သို့​ရွေ့ လျား​၏။ ထို​နောက်​ဗိ​မာန်​တော်​သည်​မိုး​တိမ် များ​ဖြင့်​ပြည့်​သ​ဖြင့် တံ​တိုင်း​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​ဖြင့်​ထွန်း​တောက် လျက်​နေ​၏။-

ယေ​ဇ​ကျေ​လ 10