ယေ​ဇ​ကျေ​လ 10:18-21 Common Language Bible (BCL)

18. ထို​နောက်​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​သည် ဗိ​မာန်​တော်​အ​ဝင်​ဝ​မှ ထွက်​ခွာ​၍​သတ္တ​ဝါ​တို့​၏​အ​ထက်​သို့​ရွေ့ လျား​သွား​တော်​မူ​၏။-

19. သူ​တို့​သည်​မိ​မိ​တို့​တောင်​ပံ​များ​ကို​ဖြန့်​၍ ငါ​၏​မျက်​မှောက်​၌​ပင်​ကမ္ဘာ​မြေ​ကြီး​မှ​အ​ထက် သို့​ပျံ​တက်​ကြ​၏။ ထို​အ​ခါ​ဘီး​တို့​သည်​လည်း လိုက်​ပါ​သွား​ကြ​၏။ သတ္တ​ဝါ​တို့​သည်​ဗိ​မာန် တော်​အ​ရှေ့​တံ​ခါး​တွင်​ရပ်​နား​ကြ​၏။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် လည်း​သူ​တို့​အ​ပေါ်​၌​တည်​လေ​၏။-

20. ဤ​သတ္တ​ဝါ​တို့​သည်​ခေ​ဗာ​မြစ်​အ​နီး​တွင် ယ​ခင်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အောက်​တွင် ငါ​မြင်​ခဲ့​ရ​သော သတ္တ​ဝါ​များ​ပင်​ဖြစ်​ကြောင်း​ငါ​သိ​၏။

21. သူ​တို့​တစ်​ပါး​စီ​တွင်​မျက်​နှာ​လေး​ခု၊ တောင်​ပံ လေး​ဘက်​နှင့်​ထို​တောင်​ပံ​များ​၏​အောက်​တွင် လူ့​လက်​နှင့်​တူ​သော​လက်​တစ်​ဖက်​စီ​ရှိ​၏။-

ယေ​ဇ​ကျေ​လ 10