17. ထိုသတ္တဝါတို့ရပ်ကြသောအခါဘီးတို့ သည်လည်းရပ်၏။ သတ္တဝါတို့ပျံသန်းကြ သောအခါဘီးတို့သည်လည်းလိုက်၍သွား ကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသတ္တဝါ များ၏ဝိညာဉ်ကဘီးတို့ကိုချုပ်ကိုင်၍ ထားသောကြောင့်ဖြစ်၏။
18. ထိုနောက်ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည် ဗိမာန်တော်အဝင်ဝမှ ထွက်ခွာ၍သတ္တဝါတို့၏အထက်သို့ရွေ့ လျားသွားတော်မူ၏။-
19. သူတို့သည်မိမိတို့တောင်ပံများကိုဖြန့်၍ ငါ၏မျက်မှောက်၌ပင်ကမ္ဘာမြေကြီးမှအထက် သို့ပျံတက်ကြ၏။ ထိုအခါဘီးတို့သည်လည်း လိုက်ပါသွားကြ၏။ သတ္တဝါတို့သည်ဗိမာန် တော်အရှေ့တံခါးတွင်ရပ်နားကြ၏။ ဣသ ရေလအမျိုးသားတို့ဘုရားသခင်၏ တောက်ပသောဘုန်းအသရေတော်သည် လည်းသူတို့အပေါ်၌တည်လေ၏။-
20. ဤသတ္တဝါတို့သည်ခေဗာမြစ်အနီးတွင် ယခင်ကဣသရေလအမျိုးသားတို့၏ ဘုရားသခင်အောက်တွင် ငါမြင်ခဲ့ရသော သတ္တဝါများပင်ဖြစ်ကြောင်းငါသိ၏။
21. သူတို့တစ်ပါးစီတွင်မျက်နှာလေးခု၊ တောင်ပံ လေးဘက်နှင့်ထိုတောင်ပံများ၏အောက်တွင် လူ့လက်နှင့်တူသောလက်တစ်ဖက်စီရှိ၏။-
22. သူတို့၏မျက်နှာများသည်ခေဗာမြစ်အနီး တွင် ငါတွေ့မြင်ခဲ့ရသောမျက်နှာများနှင့် တထေရာတည်းဖြစ်၍နေ၏။ ထိုသတ္တဝါ အားလုံးပင်ရှေ့သို့တည့်တည့်ရွေ့လျား သွားတတ်ကြ၏။