1. ငါသည်အသက်ရှင်သောသတ္တဝါ တို့၏ဦးခေါင်းအထက်ရှိလိပ်ခုံးမိုးကိုကြည့် လိုက်ရာ နီလာဖြင့်ပြီးသည့်ရာဇပလ္လင်နှင့် တူသောအရာကိုမြင်ရ၏။-
2. ဘုရားသခင်ကပိတ်ချောထည်ဝတ်ဆင် ထားသူအား``ထိုသတ္တဝါတို့၏အောက်၌ရှိ သောရထားဘီးများအကြားသို့သွား၍ ထိုသတ္တဝါတို့၏ကြားရှိမီးကျီးခဲတို့ ကိုလက်ခုပ်ဖြင့်ကျုံးကာမြို့ပေါ်သို့ကြဲ ချလော့'' ဟုမိန့်တော်မူ၏။ထိုသူသည်လည်းငါ၏ရှေ့မှောက်၌ပင် ထွက်သွား၏။-
3. သူဝင်လာသောအခါသတ္တဝါတို့သည်ဗိမာန် တော်၏တောင်ဘက်တွင်ရပ်နေကြ၏။ ဗိမာန် တော်အတွင်းတံတိုင်းသည်လည်းမိုးတိမ် ဖြင့်ပြည့်၏။-
4. ထာဝရဘုရား၏တောက်ပသောအသရေ တော်သည် ထိုသတ္တဝါများမှအထက်သို့လျှံ တက်ပြီးလျှင် ဗိမာန်တော်အဝင်ဝသို့ရွေ့ လျား၏။ ထိုနောက်ဗိမာန်တော်သည်မိုးတိမ် များဖြင့်ပြည့်သဖြင့် တံတိုင်းသည်ဘုရားသခင်၏ဘုန်းအသရေဖြင့်ထွန်းတောက် လျက်နေ၏။-
5. သတ္တဝါတို့၏တောင်ပံခတ်သံကိုအပြင် တံတိုင်းမှပင်ကြားရ၏။ ထိုအသံသည် အနန္တတန်ခိုးရှင်ဘုရားသခင်မိန့်မြွက် တော်မူသောအသံနှင့်တူ၏။
6. ပိတ်ချောထည်ကိုဝတ်ဆင်ထားသူအား ထာ ဝရဘုရားကသတ္တဝါများ၏အောက်၌ ရှိသောရထားဘီးများအကြားမှ မီးကျီး ခဲအချို့ကိုယူရန်အမိန့်ပေးတော်မူသော အခါထိုသူသည်ဝင်၍ဘီးတစ်ခုအနီး ၌ရပ်လေ၏။-
7. သတ္တဝါတစ်ပါးသည်လက်ကိုဆန့်၍သတ္တ ဝါများအကြား၌ရှိသည့်မီးကျီးခဲကို ကောက်ယူကာ ပိတ်ချောထည်ဝတ်ဆင်သူ ၏လက်ခုပ်ထဲသို့ထည့်၍ပေး၏။ ထိုသူ သည်လည်းမီးကျီးခဲများကိုယူ၍ ထွက်သွား၏။
8. သတ္တဝါတိုင်း၏တောင်ပံများအောက်၌ လူ လက်နှင့်တူသောလက်တစ်ခုစီရှိသည်ကို လည်းကောင်း၊-
11. ထိုဘီးတို့လှုပ်ရှားရာ၌ဘီးတို့သည်မလှည့် ဘဲ သတ္တဝါများသွားသည့်အတိုင်းသူတို့ မျက်နှာမူရာအရပ်၊ မည်သည့်အရပ်သို့ မဆိုသွားလာနိုင်ကြ၏။ သူတို့သည်မိမိ တို့ကိုယ်ကိုလှည့်နေရန်မလိုဘဲ အားလုံး တညီတညာတည်းမိမိတို့သွားလိုရာ ဘက်သို့သွားနိုင်ကြ၏။-
12. သူတို့ကိုယ်ခန္ဓာများ၊ ကျောကုန်းများ၊ လက် များ၊ တောင်ပံများနှင့်ဘီးများသည်မျက်စိ များနှင့်ပြည့်နှက်လျက်ရှိ၏။-
13. ထိုဘီးတို့ကို``စကြာဘီးများ'' ဟုခေါ်ဆို သည်ကိုငါကြားရ၏။
14. ထိုသတ္တဝါတစ်ပါးလျှင်မျက်နှာလေးခုရှိ၍ ပထမမျက်နှာသည်ခေရုဗိမ်မျက်နှာ၊ ဒုတိယ မှာလူမျက်နှာ၊ တတိယကားခြင်္သေ့မျက်နှာ၊ စတုတ္ထမှာလင်းယုန်မျက်နှာဖြစ်၏။-
15. သူတို့သည်လေထဲသို့ပျံတတ်ကြ၏။ (ထို သတ္တဝါတို့ကားခေဗာမြစ်အနီးတွင်ငါ တွေ့မြင်ခဲ့ရသောသတ္တဝါများပင်ဖြစ်၏။-)
16. သတ္တဝါတို့လှုပ်ရှားသောအခါသူတို့အနီး ရှိဘီးတို့သည်လည်းလှုပ်ရှားကြ၏။ သူတို့ ပျံရန်အတောင်ကိုဖြန့်ကြသောအခါ ဘီး တို့သည်လည်းလိုက်၍သွားကြ၏။-