ယေ​ဇ​ကျေ​လ 1:13-17 Common Language Bible (BCL)

13. ထို​သတ္တ​ဝါ​တို့​၏​အ​လယ်​တွင်​မီး​လျှံ​ထ​နေ​သော​မီး​ရှူး​တိုင်​နှင့်​တူ​သည့်​အ​ရာ​တစ်​ခု​သည် အ​စဉ်​ပင်​ရွေ့​လျား​လျက်​နေ​၏။ ထို​အ​ရာ​မှ​မီး​လျှံ​တက်​ပြီး​လျှင်​လျှပ်​စစ်​နွယ်​များ​ထွက်​ပေါ်​လာ​၏။-

14. သတ္တ​ဝါ​များ​ကိုယ်​တိုင်​ပင်​လျှင်​လျှပ်​စစ်​သ​ဖွယ် လျင်​မြန်​စွာ​သွား​လာ​ကြ​၏။

15. ငါ​သည်​မျက်​နှာ​လေး​မျိုး​ရှိ​သော​သတ္တ​ဝါ​လေး​ပါး​ကို​ကြည့်​၍​နေ​စဉ် သူ​တို့​အ​သီး​သီး​၏​အ​နီး​တွင်​မြေ​နှင့်​ထိ​၍​နေ​သော​ရ​ထား​ဘီး​တစ်​ခု​စီ​ရှိ​၍​နေ​သည်​ကို​မြင်​ရ​၏။-

16. ထို​ဘီး​အား​လုံး​သည်​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ တောက်​ပ​လျက်​တစ်​ခု​နှင့်​တစ်​ခု​တူ​ကြ​၏။ ဘီး​တိုင်း​တွင်​အ​လယ်​မှ​ထောင့်​မှန်​ကန့်​လန့်​ဖြတ်​၍​နေ​သော​ဘီး​တစ်​ခု​ရှိ​၏။-

17. သို့​ဖြစ်​၍​ထို​ဘီး​တို့​သည်​မ​လှည့်​ဘဲ​အ​ရပ်​လေး​မျက်​နှာ​သို့ သတ္တ​ဝါ​လေး​ပါး​သွား​လာ​သည့်​အ​တိုင်း​သွား​နိုင်​ကြ​၏။-

ယေ​ဇ​ကျေ​လ 1