2. လူမျိုးတကာတို့အားပြန်လည်စုရုံး၍တရားစီရင်ရာချိုင့်ဝှမ်းသို့ ခေါ်ဆောင်လာမည်။ငါ့လူမျိုးတော်တို့ကိုထိုသူတို့ပြုကျင့်ခဲ့သည့် အမှုများအတွက်၊ထိုအရပ်တွင်သူတို့အားငါတရားစီရင်မည်။သူတို့သည်ဣသရေလအမျိုးသား တို့ကိုနိုင်ငံရပ်ခြားသို့ကွဲလွင့်စေကာ၊ငါ၏ပြည်တော်ဣသရေလကိုကွဲပြားစေ ခဲ့ကြ၏။
10. `သင်တို့သည်ထွန်သွားများကိုဋ္ဌား အဖြစ်သို့လည်းကောင်း၊တံစဉ်များကိုလှံအဖြစ်သို့လည်းကောင်း ထုလုပ်ကြလော့။အားအင်ချည့်နဲ့သောသူများပင်လျှင် စစ်ပွဲဝင်ကြရပေမည်။
11. အနီးအနားဝန်းကျင်ရှိလူမျိုးတကာတို့အလျင်အမြန်လာ၍၊ ချိုင့်ဝှမ်း၌စုရုံး ကြ လော့' ဟုမိန့်တော်မူ၏။''အို ထာဝရဘုရားထိုသူတို့အားတိုက်ခိုက်ရန်ကိုယ်တော်ရှင်၏တပ်မတော်ကိုစေလွှတ်တော် မူပါ။
12. ထာဝရဘုရားက``လူမျိုးတကာတို့သည်အသင့်ပြင်ဆင်လျက်၊ တရားစီရင်တော် မူရာ ချိုင့်ဝှမ်းသို့လာရောက်ရကြမည်။အနီးအနားဝန်းကျင်မှလူမျိုးတကာ တို့အားတရားစီရင်ရန်ထိုအရပ်တွင်ငါထာဝရ ဘုရား ထိုင်တော်မူမည်။
13. ထိုသူတို့သည်အလွန်ယုတ်မာကြ၏။ကောက်ရိတ်ချိန်၌ဂျုံနှံကိုဖြတ်သကဲ့သို့ သူတို့ကိုခုတ်ဖြတ်ကြလော့။စပျစ်သီးများနှင့်ပြည့်လျက်နေသောအသီးနယ်ရာကျင်းမှစပျစ်ရည်များ လျှံတက်လာသည်တိုင်အောင်၊စပျစ်သီးများကိုနင်းချေသကဲ့သို့ ထိုသူတို့ကို နင်းချေကြလော့'' ဟုမိန့်တော်မူ၏။
14. ထောင်ပေါင်းများစွာသောသူတို့သည်တရားစီရင်တော်မူရာချိုင့်ဝှမ်းတွင် ရှိနေကြ၏။ထိုချိုင့်ဝှမ်းသို့ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက်ကာလ သည် များမကြာမီသက်ရောက်လာလိမ့်မည်။
15. နေနှင့်လသည်မှောင်မိုက်လျက်ကြယ်တာရာများသည်လည်းမထွန်း မလင်းကြတော့ချေ။
16. ထာဝရဘုရားသည်ဇိအုန်တောင်ပေါ်မှာ ကြွေးကြော်တော်မူ၏။ယေရုရှလင်မြို့မှဟစ်အော်တော်မူ၏။မြေကြီးနှင့်မိုးကောင်းကင်သည်လည်းတုန်လှုပ် ကြ၏။သို့ရာတွင်ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ကာကွယ်တော်မူလိမ့်မည်။
17. ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ထိုအခါငါသည်သင်တို့၏ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်ပေါ်တွင်ကျိန်းဝပ်တော်မူပေသည်။ယေရုရှလင်မြို့သည်သန့်ရှင်းမြင့်မြတ်လိမ့်မည်။လူမျိုးခြားတို့သည်ထိုမြို့ကိုနောက်တစ်ဖန် အဘယ်အခါ၌မျှနိုင်နင်းရကြလိမ့်မည် မဟုတ်။
18. ထိုကာလ၌တောင်တို့သည်စပျစ်ဥယျာဉ် များနှင့် ဖုံးလွှမ်းလျက်ရှိလိမ့်မည်။တောင်ကုန်းမှန်သမျှတို့တွင်လည်းကျွဲနွားများ ကိုမြင်ရလိမ့်မည်။ယုဒပြည်တစ်ခုလုံး၌ရေအလုံအလောက် ရရှိကြလိမ့်မည်။စမ်းရေသည်ထာဝရဘုရား၏ဗိမာန်တော်မှစီးဆင်းလာလျက်ရှိတ္တိမ်ချိုင့်ဝှမ်းကိုစိုပြေစေ လိမ့်မည်။
19. ``အီဂျစ်ပြည်သည်သဲကန္တာရဖြစ်၍ဧဒုံ ပြည်သည် ပျက်စီးယိုယွင်း၍လူသူကင်းမဲ့သည့် နေရာဖြစ်နေလိမ့်မည်။အဘယ်ကြောင့်ဆိုသော်ထိုပြည်တို့သည် ယုဒပြည်ကိုတိုက်ခိုက်၍၊အပြစ်မဲ့သူတို့အားသတ်ဖြတ်ခဲ့ကြသော ကြောင့်ဖြစ်၏။
20-21. ငါသည်အသတ်ခံခဲ့ရကြသူများအတွက် လက်စားချေမည်။အပြစ်ရှိသူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။သို့ရာတွင်ယုဒပြည်နှင့်ယေရုရှလင်မြို့ကိုမူကား၊ထာဝစဉ်လူတို့နေထိုင်ရာဖြစ်စေမည်။ငါထာဝရဘုရားသည်လည်းဇိအုန်တောင်ပေါ် တွင် ကျိန်းဝပ်တော်မူမည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ယောလစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။