ယော​လ 3:12-18 Common Language Bible (BCL)

12. ထာ​ဝ​ရ​ဘု​ရား​က``လူ​မျိုး​တ​ကာ​တို့​သည်အ​သင့်​ပြင်​ဆင်​လျက်၊ တ​ရား​စီ​ရင်​တော် မူ​ရာ ချိုင့်​ဝှမ်း​သို့​လာ​ရောက်​ရ​ကြ​မည်။အနီး​အနား​ဝန်း​ကျင်​မှ​လူ​မျိုး​တ​ကာ တို့​အားတ​ရား​စီ​ရင်​ရန်​ထို​အ​ရပ်​တွင်​ငါ​ထာ​ဝ​ရ ဘု​ရား ထိုင်​တော်​မူ​မည်။

13. ထို​သူ​တို့​သည်​အ​လွန်​ယုတ်​မာ​ကြ​၏။ကောက်​ရိတ်​ချိန်​၌​ဂျုံ​နှံ​ကို​ဖြတ်​သ​ကဲ့​သို့ သူ​တို့​ကို​ခုတ်​ဖြတ်​ကြ​လော့။စ​ပျစ်​သီး​များ​နှင့်​ပြည့်​လျက်​နေ​သောအ​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည်​များ လျှံ​တက်​လာ​သည်​တိုင်​အောင်၊စ​ပျစ်​သီး​များ​ကို​နင်း​ချေ​သ​ကဲ့​သို့ ထို​သူ​တို့​ကို နင်း​ချေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

14. ထောင်​ပေါင်း​များ​စွာ​သော​သူ​တို့​သည်တ​ရား​စီ​ရင်​တော်​မူ​ရာ​ချိုင့်​ဝှမ်း​တွင် ရှိ​နေ​ကြ​၏။ထို​ချိုင့်​ဝှမ်း​သို့​ထာ​ဝ​ရ​ဘု​ရားတ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ သည် များ​မ​ကြာ​မီ​သက်​ရောက်​လာ​လိမ့်​မည်။

15. နေ​နှင့်​လ​သည်​မှောင်​မိုက်​လျက်ကြယ်​တာ​ရာ​များ​သည်​လည်း​မ​ထွန်း မ​လင်း​ကြ​တော့​ချေ။

16. ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​တောင်​ပေါ်​မှာ ကြွေး​ကြော်​တော်​မူ​၏။ယေ​ရု​ရှ​လင်​မြို့​မှ​ဟစ်​အော်​တော်​မူ​၏။မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​သည်​လည်း​တုန်​လှုပ် ကြ​၏။သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကာ​ကွယ်​တော်​မူ​လိမ့်​မည်။

17. ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ထို​အ​ခါ​ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​ပေါ်​တွင်​ကျိန်း​ဝပ်​တော်​မူ​ပေ​သည်။ယေ​ရု​ရှ​လင်​မြို့​သည်​သန့်​ရှင်း​မြင့်​မြတ်​လိမ့်​မည်။လူ​မျိုး​ခြား​တို့​သည်​ထို​မြို့​ကို​နောက်​တစ်​ဖန် အ​ဘယ်​အ​ခါ​၌​မျှ​နိုင်​နင်း​ရ​ကြ​လိမ့်​မည် မ​ဟုတ်။

18. ထို​ကာ​လ​၌​တောင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ် များ​နှင့် ဖုံး​လွှမ်း​လျက်​ရှိ​လိမ့်​မည်။တောင်​ကုန်း​မှန်​သ​မျှ​တို့​တွင်​လည်း​ကျွဲ​နွား​များ ကို​မြင်​ရ​လိမ့်​မည်။ယု​ဒ​ပြည်​တစ်​ခု​လုံး​၌​ရေ​အ​လုံ​အ​လောက် ရ​ရှိ​ကြ​လိမ့်​မည်။စမ်း​ရေ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​မှစီး​ဆင်း​လာ​လျက်​ရှိတ္တိမ်​ချိုင့်​ဝှမ်း​ကို​စို​ပြေ​စေ လိမ့်​မည်။

ယော​လ 3