10. `သင်တို့သည်ထွန်သွားများကိုဋ္ဌား အဖြစ်သို့လည်းကောင်း၊တံစဉ်များကိုလှံအဖြစ်သို့လည်းကောင်း ထုလုပ်ကြလော့။အားအင်ချည့်နဲ့သောသူများပင်လျှင် စစ်ပွဲဝင်ကြရပေမည်။
11. အနီးအနားဝန်းကျင်ရှိလူမျိုးတကာတို့အလျင်အမြန်လာ၍၊ ချိုင့်ဝှမ်း၌စုရုံး ကြ လော့' ဟုမိန့်တော်မူ၏။''အို ထာဝရဘုရားထိုသူတို့အားတိုက်ခိုက်ရန်ကိုယ်တော်ရှင်၏တပ်မတော်ကိုစေလွှတ်တော် မူပါ။
12. ထာဝရဘုရားက``လူမျိုးတကာတို့သည်အသင့်ပြင်ဆင်လျက်၊ တရားစီရင်တော် မူရာ ချိုင့်ဝှမ်းသို့လာရောက်ရကြမည်။အနီးအနားဝန်းကျင်မှလူမျိုးတကာ တို့အားတရားစီရင်ရန်ထိုအရပ်တွင်ငါထာဝရ ဘုရား ထိုင်တော်မူမည်။
13. ထိုသူတို့သည်အလွန်ယုတ်မာကြ၏။ကောက်ရိတ်ချိန်၌ဂျုံနှံကိုဖြတ်သကဲ့သို့ သူတို့ကိုခုတ်ဖြတ်ကြလော့။စပျစ်သီးများနှင့်ပြည့်လျက်နေသောအသီးနယ်ရာကျင်းမှစပျစ်ရည်များ လျှံတက်လာသည်တိုင်အောင်၊စပျစ်သီးများကိုနင်းချေသကဲ့သို့ ထိုသူတို့ကို နင်းချေကြလော့'' ဟုမိန့်တော်မူ၏။
14. ထောင်ပေါင်းများစွာသောသူတို့သည်တရားစီရင်တော်မူရာချိုင့်ဝှမ်းတွင် ရှိနေကြ၏။ထိုချိုင့်ဝှမ်းသို့ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက်ကာလ သည် များမကြာမီသက်ရောက်လာလိမ့်မည်။
15. နေနှင့်လသည်မှောင်မိုက်လျက်ကြယ်တာရာများသည်လည်းမထွန်း မလင်းကြတော့ချေ။
16. ထာဝရဘုရားသည်ဇိအုန်တောင်ပေါ်မှာ ကြွေးကြော်တော်မူ၏။ယေရုရှလင်မြို့မှဟစ်အော်တော်မူ၏။မြေကြီးနှင့်မိုးကောင်းကင်သည်လည်းတုန်လှုပ် ကြ၏။သို့ရာတွင်ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ကာကွယ်တော်မူလိမ့်မည်။