1. ထာဝရဘုရားက``ထိုအခါငါသည်ယုဒ ပြည်နှင့်ယေရုရှလင်မြို့ကိုပြန်လည်ကောင်းစားလာစေမည်။
2. လူမျိုးတကာတို့အားပြန်လည်စုရုံး၍တရားစီရင်ရာချိုင့်ဝှမ်းသို့ ခေါ်ဆောင်လာမည်။ငါ့လူမျိုးတော်တို့ကိုထိုသူတို့ပြုကျင့်ခဲ့သည့် အမှုများအတွက်၊ထိုအရပ်တွင်သူတို့အားငါတရားစီရင်မည်။သူတို့သည်ဣသရေလအမျိုးသား တို့ကိုနိုင်ငံရပ်ခြားသို့ကွဲလွင့်စေကာ၊ငါ၏ပြည်တော်ဣသရေလကိုကွဲပြားစေ ခဲ့ကြ၏။
3. သူတို့သည်သုံ့ပန်းများကိုအဘယ်သူသို့ ပေးအပ် ရမည်ကိုမဲချ၍ဆုံးဖြတ်ခဲ့ကြ၏။ပြည့်တန်ဆာမများအတွက်အခကြေးငွေနှင့် စပျစ်ရည်ဖိုးရရှိရန်သူတို့သည်သူငယ်သူငယ်မများကို ရောင်းစားခဲ့ကြသည်။
20-21. ငါသည်အသတ်ခံခဲ့ရကြသူများအတွက် လက်စားချေမည်။အပြစ်ရှိသူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။သို့ရာတွင်ယုဒပြည်နှင့်ယေရုရှလင်မြို့ကိုမူကား၊ထာဝစဉ်လူတို့နေထိုင်ရာဖြစ်စေမည်။ငါထာဝရဘုရားသည်လည်းဇိအုန်တောင်ပေါ် တွင် ကျိန်းဝပ်တော်မူမည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ယောလစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။