1. ထာဝရဘုရားက``ထိုအခါငါသည်ယုဒ ပြည်နှင့်ယေရုရှလင်မြို့ကိုပြန်လည်ကောင်းစားလာစေမည်။
2. လူမျိုးတကာတို့အားပြန်လည်စုရုံး၍တရားစီရင်ရာချိုင့်ဝှမ်းသို့ ခေါ်ဆောင်လာမည်။ငါ့လူမျိုးတော်တို့ကိုထိုသူတို့ပြုကျင့်ခဲ့သည့် အမှုများအတွက်၊ထိုအရပ်တွင်သူတို့အားငါတရားစီရင်မည်။သူတို့သည်ဣသရေလအမျိုးသား တို့ကိုနိုင်ငံရပ်ခြားသို့ကွဲလွင့်စေကာ၊ငါ၏ပြည်တော်ဣသရေလကိုကွဲပြားစေ ခဲ့ကြ၏။
3. သူတို့သည်သုံ့ပန်းများကိုအဘယ်သူသို့ ပေးအပ် ရမည်ကိုမဲချ၍ဆုံးဖြတ်ခဲ့ကြ၏။ပြည့်တန်ဆာမများအတွက်အခကြေးငွေနှင့် စပျစ်ရည်ဖိုးရရှိရန်သူတို့သည်သူငယ်သူငယ်မများကို ရောင်းစားခဲ့ကြသည်။
4. ``တုရုမြို့၊ ဇိအုန်မြို့နှင့်ဖိလိတ္တိပြည်အရပ် ရပ်မှလူအပေါင်းတို့ သင်တို့သည်ငါ့အား အဘယ်သို့ပြုရန်ကြိုးပမ်းနေကြပါသနည်း။ ငါ့အားလက်စားချေရန်ကြိုးပမ်းနေကြပါ သလော။ ယင်းသို့ကြိုးပမ်းနေကြပါမူ၊ ငါ သည်အလျင်အမြန်ဦးစွာသင်တို့အား လက်စားချေမည်။-
5. သင်တို့သည်ငါ၏ရွှေငွေဥစ္စာဘဏ္ဍာများကို မိမိတို့၏ဘုံဗိမာန်များသို့ယူဆောင် သွားခဲ့ကြ၏။-
6. ယုဒပြည်သားများနှင့်ယေရုရှလင်မြို့ သူမြို့သားတို့အား မိမိတို့တိုင်းပြည်မှ ရပ်ဝေးသို့ခေါ်ဆောင်ကာ၊ ဂရိအမျိုး သားတို့ထံတွင်ရောင်းစားခဲ့ကြ၏။-
7. သူတို့အားသင်တို့ရောင်းစားခဲ့သောနေရာ မှငါပြန်လည်ခေါ်ဆောင်မည်။ သူတို့အား သင်တို့ပြုခဲ့ကြသည့်အတိုင်းသင်တို့ အားယခုငါပြုမည်။-
8. ငါသည်သင်တို့၏သားသမီးများအား ယုဒပြည်သားတို့၏ငွေဝယ်ကျွန်ဖြစ်စေ မည်။ ယုဒပြည်သားတို့သည်လည်းသူတို့ အားဝေးလံသောရှေဘပြည်သို့ရောင်းစား ကြလိမ့်မည်။ ဤကားငါထာဝရဘုရား ၏မြွက်ဟသည့်စကားဖြစ်၏။
9. ``လူမျိုးတကာတို့အား`စစ်တိုက်ရန်အသင့် ပြင်ကြလော့။ စစ်သူရဲတို့ကိုခေါ်ယူကြလော့။စစ်သည်တပ်သားများကိုစုရုံး၍ချီတက် ကြလော့' ဟုပြောကြားကြေညာကြလော့။
10. `သင်တို့သည်ထွန်သွားများကိုဋ္ဌား အဖြစ်သို့လည်းကောင်း၊တံစဉ်များကိုလှံအဖြစ်သို့လည်းကောင်း ထုလုပ်ကြလော့။အားအင်ချည့်နဲ့သောသူများပင်လျှင် စစ်ပွဲဝင်ကြရပေမည်။
11. အနီးအနားဝန်းကျင်ရှိလူမျိုးတကာတို့အလျင်အမြန်လာ၍၊ ချိုင့်ဝှမ်း၌စုရုံး ကြ လော့' ဟုမိန့်တော်မူ၏။''အို ထာဝရဘုရားထိုသူတို့အားတိုက်ခိုက်ရန်ကိုယ်တော်ရှင်၏တပ်မတော်ကိုစေလွှတ်တော် မူပါ။
12. ထာဝရဘုရားက``လူမျိုးတကာတို့သည်အသင့်ပြင်ဆင်လျက်၊ တရားစီရင်တော် မူရာ ချိုင့်ဝှမ်းသို့လာရောက်ရကြမည်။အနီးအနားဝန်းကျင်မှလူမျိုးတကာ တို့အားတရားစီရင်ရန်ထိုအရပ်တွင်ငါထာဝရ ဘုရား ထိုင်တော်မူမည်။