16. လူတို့ကိုခေါ်ယူစုဝေး၍မြင့်မြတ်သော စည်းဝေးပွဲ တစ်ရပ်ကိုပြင်ဆင်ကြလော့။အသက်ကြီးသူများကိုခေါ်ဖိတ်၍ကလေးသူငယ်များနှင့်၊နို့စို့ရွယ်များကိုပါ စုဝေးစေကြလော့။ထိမ်းမြားမင်္ဂလာပြုပြီးခါစဇနီးမောင်နှံများပင်လျှင်မိမိတို့၏အခန်း များကို စွန့်ခွာလာရကြပေမည်။
17. ယဇ်ပလ္လင်နှင့်ဗိမာန်တော်အဝင်ဝစပ်ကြား၌ ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင်ရသူ ယဇ်ပုရောဟိတ်များသည်ငိုကြွေးလျက်၊``အို ထာဝရဘုရားကိုယ်တော်ရှင်၏လူမျိုးတော်ကိုသနားတော်မူပါ။`သူတို့၏ဘုရားသခင်သည်အဘယ်မှာနည်း' ဟုဆိုကာလူမျိုးခြားများသည်ကျွန်တော်မျိုးတို့အားကဲ့ရဲ့ပြောင်လှောင် စေတော်မမူပါနှင့်'' ဟုဆုတောင်းပတ္ထနာပြုကြရပေမည်။
18. ထိုနောက်ထာဝရဘုရားသည်မိမိ၏ပြည် တော်အတွက် စိုးရိမ်ပူပန်မှုကိုပြတော်မူ၍၊မိမိ၏လူမျိုးတော်အားကရုဏာထား တော်မူ၏။
19. ကိုယ်တော်သည်သူတို့အား``ယခုငါသည် သင်တို့အားဂျုံဆန်၊စပျစ်ရည်နှင့်သံလွင်ဆီကို ပေးတော်မူမည်ဖြစ်၍၊သင်တို့သည်ရောင့်ရဲလျက်နေကြလိမ့်မည်။အခြားအမျိုးသားများသည်လည်းသင်တို့ အား ကဲ့ရဲ့ကြတော့မည်မဟုတ်။
20. ငါသည်မြောက်အရပ်မှလာသည့်ကျိုင်း ကောင်အုပ်ကို ပယ်ရှင်းမည်။ကျိုင်းကောင်အချို့ကိုသဲကန္တာရထဲသို့ နှင်ထုတ်မည်။သူတို့တပ်ဦးပိုင်းကိုပင်လယ်သေထဲသို့ လည်းကောင်း၊တပ်နောက်ပိုင်းကိုမြေထဲပင်လယ် ထဲသို့လည်းကောင်းကျစေမည်။သူတို့၏ကိုယ်ခန္ဓာများသည်ပုပ်စပ်နံစော် လျက် နေလိမ့်မည်။သင်တို့အားသူတို့ပြုခဲ့သည့်အမှုများ အတွက် ငါသည်သူတို့ကိုသုတ်သင်ဖျက်ဆီးမည်။
21. ``အို လယ်ပြင်တို့မစိုးရိမ်ကြနှင့်။သင်တို့အဖို့ထာဝရဘုရားပြုတော်မူသောအမှုများအတွက်၊ ရွှင်လန်း ဝမ်းမြောက်ကြလော့။
22. အို သားရဲတိရစ္ဆာန်တို့မစိုးရိမ်ကြနှင့်။စားကျက်များသည် စိမ်းလန်းလျက်ရှိ၏။သစ်ပင်များသည်အသီးသီးလျက်နေ၏။သဖန်းသီးစပျစ်သီးတို့သည်လည်း အမြောက်အမြားရှိပါ၏။
23. ``အို ဇိအုန်မြို့သားတို့ဝမ်းမြောက်ကြလော့။သင်တို့အားဘုရားသခင်ထာဝရဘုရားပြုတော်မူသောအမှုများအတွက်အားရ ရွှင်မြူးကြလော့။ကိုယ်တော်သည်သင်တို့အားဆောင်းဦးမိုး အလုံအလောက်ချပေးတော်မူလေပြီ။ဆောင်းနှောင်းမိုးကိုလည်းကောင်းယခင် အခါများမှာကဲ့သို့နွေဦးမိုးကိုလည်းကောင်း၊သင်တို့အပေါ်သို့ ရွာသွန်းစေတော်မူလေပြီ။
24. ကောက်နယ်တလင်းတို့သည်ဂျုံဆန်များနှင့် ပြည့်နှက်နေလိမ့်မည်။အသီးနယ်ရာကျင်းတို့သည်လည်းစပျစ် ရည်နှင့် သံလွင်ဆီတို့ဖြင့်လျှံလျက်နေလိမ့်မည်။