17. မျိုးစေ့တို့သည်မြေခြောက်အောက်တွင်ပုပ်ပျက်၍သွားကြ၏။သိုလှောင်ရန်ဂျုံဆန်မရှိတော့သဖြင့်ဟာလာဟင်းလင်းဖြစ်လျက်နေသောစပါးကျီများသည်ယိုယွင်းပျက်စီး၍နေကြ၏။
18. ကျွဲနွားတို့သည်စားကျက်များမရှိသဖြင့်ဒုက္ခရောက်ကာမြည်တွန်နေကြ၏။သိုးအုပ်များသည်လည်းဒုက္ခရောက်ရကြလေသည်။
19. စားကျက်များနှင့်သစ်ပင်များသည်မီးသင့်လောင်သည့်အလားခြောက်သွေ့၍သွားကုန်၏။သို့ဖြစ်၍ အို ထာဝရဘုရားကျွန်တော်မျိုးတို့သည်အထံတော်သို့ဟစ်အော်ကြပါ၏။