12. စပျစ်နွယ်ပင်များနှင့်သဖန်းပင်တို့သည်ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။သီးပင်မှန်သမျှတို့သည်ညှိုးနွမ်း၍သေကြလေကုန်ပြီ။လူတို့မှာလည်းပျော်ရွှင်မှုမရှိတော့ပေ။
13. ယဇ်ပလ္လင်အမှုတော်ဆောင်အချင်းယဇ်ပုရောဟိတ်တို့၊လျှော်တေကိုဝတ်၍ငိုကြွေးကြလော့။ငါ၏ဘုရားသခင်ရှေ့အမှုတော်ဆောင်တို့ဗိမာန်တော်သို့ဝင်၍ညဥ့်လုံးပေါက်ငိုကြွေးမြည်တမ်းကြလော့။သင်တို့၏ဘုရားသခင်အားပူဇော်ရန်ဂျုံဆန်နှင့်စပျစ်ရည်များမရှိတော့ပြီ။
14. အစာရှောင်ကြရန်အမိန့်များကိုထုတ်ပြန်ကာလူထုစည်းဝေးပွဲတစ်ရပ်ကိုကျင်းပကြလော့။သင်တို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်တွင်ခေါင်းဆောင်များနှင့်၊ယုဒပြည်သားအပေါင်းကိုစုဝေးစေပြီးလျှင်၊ကိုယ်တော်၏ထံတော်သို့ဟစ်အော်ကြလော့။
15. ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက်ကာလသည်နီးကပ်လာလေပြီ။ထိုကာလတွင်အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော်မူလိမ့်မည်။ထိုနေ့ရက်သည်အဘယ်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
16. ငါတို့သည်မိမိတို့၏ကောက်ပဲသီးနှံများအဖျက်အဆီးခံရချိန်၌ပင်မည်သို့မျှမတတ်နိုင်၊ငေး၍ကြည့်နေရကြ၏။ဘုရားသခင်၏ဗိမာန်တော်တွင်လည်းပျော်ရွှင်မှုမရှိတော့ပေ။
17. မျိုးစေ့တို့သည်မြေခြောက်အောက်တွင်ပုပ်ပျက်၍သွားကြ၏။သိုလှောင်ရန်ဂျုံဆန်မရှိတော့သဖြင့်ဟာလာဟင်းလင်းဖြစ်လျက်နေသောစပါးကျီများသည်ယိုယွင်းပျက်စီး၍နေကြ၏။
18. ကျွဲနွားတို့သည်စားကျက်များမရှိသဖြင့်ဒုက္ခရောက်ကာမြည်တွန်နေကြ၏။သိုးအုပ်များသည်လည်းဒုက္ခရောက်ရကြလေသည်။
19. စားကျက်များနှင့်သစ်ပင်များသည်မီးသင့်လောင်သည့်အလားခြောက်သွေ့၍သွားကုန်၏။သို့ဖြစ်၍ အို ထာဝရဘုရားကျွန်တော်မျိုးတို့သည်အထံတော်သို့ဟစ်အော်ကြပါ၏။