ယော​ရှု 9:22-25 Common Language Bible (BCL)

22. ယော​ရှု​သည်​ဂိဗောင်​မြို့​သား​တို့​ကို​ဆင့်​ခေါ် ၍``သင်​တို့​သည်​ငါ​တို့​အ​နီး​တွင်​နေ​ထိုင်​ပါ လျက်​နှင့် ဝေး​သော​အ​ရပ်​မှ​လာ​သည်​ဟု အ​ဘယ်​ကြောင့်​ငါ​တို့​ကို​လှည့်​စား​ပြော​ဆို ကြ​ပါ​သ​နည်း။-

23. ထို​ပြစ်​မှု​ကြောင့်​ဘု​ရား​သ​ခင်​သည်​သင်​တို့ ကို​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။ သို့​ဖြစ်​၍ ငါ့​ဘု​ရား​သ​ခင်​၏​အိမ်​တော်​အ​တွက် သင်​တို့ သည်​ရေ​ခပ်​ထင်း​ခုတ်​အ​လုပ်​ကို​လုပ်​၍ အ​မြဲ​ကျွန်​ခံ​ရ​ကြ​မည်'' ဟု​ဆို​၏။

24. ထို​အ​ခါ​သူ​တို့​က``ကိုယ်​တော်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်​တစ်​ပြည်​လုံး​ကို သင်​တို့​အား​ပေး​မည်​ဟူ​၍​လည်း​ကောင်း၊ ပြည် သူ​ပြည်​သား​အား​လုံး​တို့​ကို​သတ်​ဖြတ်​သုတ် သင်​ရ​မည်​ဟူ​၍​လည်း​ကောင်း မိ​မိ​၏​အ​စေ​ခံ မော​ရှေ​အား​မိန့်​တော်​မူ​ကြောင်း​အ​ကျွန်ုပ်​တို့ ကြား​သိ​ရ​သ​ဖြင့် သေ​ဘေး​ကို​ကြောက်​ရွံ့ သော​ကြောင့်​ထို​ကဲ့​သို့​ပြု​မိ​ပါ​ပြီ။-

25. ယ​ခု​အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​လက် တွင်း​သို့​ရောက်​ရှိ​နေ​ပြီ​ဖြစ်​၍ ကိုယ်​တော် ပြု​သင့်​သည်​ဟု​ထင်​သည့်​အ​တိုင်း​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​ကြ​လေ​သည်။-

ယော​ရှု 9