1. ယော်ဒန်မြစ်အနောက်ဘက်ရှိတောင်ကုန်းဒေသ၊ တောင်ခြေဒေသ၊ မြောက်ဘက်လေဗနုန်တောင် အထိရှည်လျားသောမြေထဲပင်လယ်ကမ်းရိုး တန်းဒေသတို့တွင်အုပ်စိုးသောမင်းအပေါင်း တို့သည်ဣသရေလအမျိုးသားတို့၏အောင်ပွဲ ခံသတင်းကိုကြားကြ၏။ ထိုမင်းများမှာ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့၏ မင်းများဖြစ်ကြသည်။-
2. သူတို့သည်ယောရှုနှင့်ဣသရေလအမျိုး သားတို့အား စုပေါင်း၍တိုက်ခိုက်ရန်သဘော တူကြ၏။
3. ဟိဝိအမျိုးသားများဖြစ်သောဂိဗောင်မြို့ သားတို့သည် ယေရိခေါမြို့နှင့် အာဣမြို့များ ကိုယောရှုမည်ကဲ့သို့တိုက်ခိုက်အောင်မြင်ခဲ့ ကြောင်းကြားသိရသောအခါ၊-
4. သူ့အားလိမ်လည်လှည့်စားရန်ကြံစည်ကြ လေသည်။ သူတို့သည်ဟောင်းနွမ်းသောရိက္ခာ အိတ်များနှင့်အဖာအထေးများရှိသော သားရေစပျစ်ရည်ဘူးများကိုမြည်းများ ပေါ်တွင်တင်ကြသည်။-
5. သူတို့သည်အဝတ်အစုတ်အပြဲများကို ဝတ်ဆင်၍ ဟောင်းနွမ်းသောဖိနပ်များကိုစီး ကြသည်။ ခြောက်သွေ့၍မှိုတက်သောအစား အစာများကိုယူဆောင်ကြသည်။-