3. သို့ဖြစ်၍ယောရှုသည်စစ်သူရဲအပေါင်းတို့နှင့် အာဣမြို့သို့ချီတက်ရန်အသင့်ပြင်လေသည်။ သူသည်လက်ရွေးစင်စစ်သူရဲသုံးသောင်းကို ညအချိန်၌စေလွှတ်၍၊-
4. ``သင်တို့သည်မြို့၏အနောက်ဘက်မလှမ်း မကမ်းတွင်ပုန်းအောင်းနေလော့။ မြို့ကိုတိုက် ခိုက်ရန်အသင့်ရှိနေကြလော့။-
5. ငါနှင့်ငါ၏တပ်သားတို့သည်မြို့အနီးသို့ ချဉ်းကပ်လာကြမည်။ အာဣမြို့သားတို့သည် ငါတို့အားထွက်၍တိုက်ခိုက်ကြသောအခါ ငါတို့သည် ယခင်တစ်ကြိမ်ကကဲ့သို့ဆုတ်ခွာ ထွက်ပြေးကြမည်။-
6. ထိုအခါသူတို့သည်မြို့မှဝေးကွာသည့်အရပ် သို့ရောက်သည့်တိုင်အောင် ငါတို့နောက်သို့လိုက်လံ တိုက်ခိုက်ကြလိမ့်မည်။ ငါတို့ယခင်အတိုင်း ထွက်ပြေးကြပြီဟုသူတို့ထင်မှတ်လိမ့်မည်။-
7. ထိုအခါသင်တို့ပုန်းကွယ်ရာမှထွက်၍မြို့ ကိုသိမ်းယူရမည်။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်မြို့ကိုသင်တို့လက် သို့အပ်တော်မူမည်။-
8. သင်တို့သည်မြို့ကိုသိမ်းယူပြီးနောက်ထာဝရ ဘုရားမိန့်မှာတော်မူသည့်အတိုင်း မြို့ကိုမီး ရှို့ဖျက်ဆီးပစ်ရမည်။ ဤအမိန့်အတိုင်း ဆောင်ရွက်ကြလော့'' ဟုအမိန့်ပေးလေ၏။-
9. ယောရှုသည်လက်ရွေးစင်သူရဲတို့ကိုစေလွှတ် သဖြင့် သူတို့သည်ချီတက်၍အာဣမြို့အနောက် ဘက်နှင့်ဗေသလမြို့စပ်ကြားတွင်ပုန်းအောင်း စောင့်ဆိုင်းနေကြလေသည်။ ယောရှုသည်ထို ည၌စခန်းတွင်နေ၏။
10. နံနက်စောစော၌ယောရှုသည်ဣသရေလအမျိုး သားအကြီးအကဲတို့နှင့်အတူ စစ်သူရဲတို့ ကိုဦးဆောင်၍အာဣမြို့သို့ချီတက်လေသည်။-
11. သူနှင့်အတူလိုက်ပါလာသောစစ်သူရဲတို့ သည် မြို့တံခါးမဘက်သို့ချီတက်၍မြောက် ဘက်တွင်စခန်းချကြသည်။ သူတို့၏စခန်း နှင့်မြို့အကြားတွင်ချိုင့်ဝှမ်းရှိ၏။-
12. သူသည်စစ်သူရဲငါးထောင်ခန့်ကိုမြို့အနောက် ဘက် အာဣမြို့နှင့်ဗေသလမြို့အကြားတွင် ပုန်းအောင်းနေစေ၏။-
13. တပ်မကိုမြို့၏အနောက်ဘက်တွင်လည်းကောင်း တပ်စွဲစေ၏။ ထိုည၌ယောရှုသည်ချိုင့်ဝှမ်း ထဲသို့ဆင်းသွားလေ၏။-
14. အာဣမင်းသည်ယောရှု၏စစ်သူရဲများတပ်ချ လျက်ရှိသည်ကိုမြင်လျှင် မိမိ၏စစ်သူရဲအပေါင်း တို့ကိုအလျင်အမြန်စုရုံး၍ ဣသရေလတပ် ကိုတိုက်ခိုက်ရန်ယော်ဒန်မြစ်ချိုင့်ဝှမ်းဘက် ယခင် တိုက်ခိုက်ခဲ့သောအရပ်သို့ချီတက်လေသည်။ သို့ရာတွင်သူသည်မြို့၏အနောက်ဘက်၌ ဣသရေလတပ်ပုန်းများချထားကြောင်း ကိုမရိပ်မိချေ။-
15. ယောရှုနှင့်သူ၏တပ်သားတို့သည်စစ်ရှုံး ဟန်ဆောင်လျက် မြို့ပြင်ကွင်းထဲသို့ထွက်ပြေး လေ၏။-
16. အာဣမင်းသည်မြို့တွင်းရှိယောကျာ်းအားလုံး ကိုဆင့်ခေါ်၍ ယောရှု၏တပ်နောက်သို့လိုက်စေ သဖြင့်သူတို့သည်မြို့နှင့်အလှမ်းကွာသော အရပ်သို့ရောက်လာကြလေသည်။-
17. အာဣမြို့သားအားလုံးတို့သည်ဣသရေလ အမျိုးသားတို့နောက်သို့ ထွက်လိုက်ကြရာမြို့ ကိုကာကွယ်မည့်သူတစ်ယောက်မျှမကျန် ရစ်ချေ။