ယော​ရှု 8:3-14 Common Language Bible (BCL)

3. သို့​ဖြစ်​၍​ယော​ရှု​သည်​စစ်​သူရဲ​အ​ပေါင်း​တို့​နှင့် အာ​ဣ​မြို့​သို့​ချီ​တက်​ရန်​အ​သင့်​ပြင်​လေ​သည်။ သူ​သည်​လက်​ရွေး​စင်​စစ်​သူ​ရဲ​သုံး​သောင်း​ကို ည​အ​ချိန်​၌​စေ​လွှတ်​၍၊-

4. ``သင်​တို့​သည်​မြို့​၏​အ​နောက်​ဘက်​မ​လှမ်း မ​ကမ်း​တွင်​ပုန်း​အောင်း​နေ​လော့။ မြို့​ကို​တိုက် ခိုက်​ရန်​အ​သင့်​ရှိ​နေ​ကြ​လော့။-

5. ငါ​နှင့်​ငါ​၏​တပ်​သား​တို့​သည်​မြို့​အ​နီး​သို့ ချဉ်း​ကပ်​လာ​ကြ​မည်။ အာ​ဣ​မြို့​သား​တို့​သည် ငါ​တို့​အား​ထွက်​၍​တိုက်​ခိုက်​ကြ​သော​အ​ခါ ငါ​တို့​သည် ယ​ခင်​တစ်​ကြိမ်​က​ကဲ့​သို့​ဆုတ်​ခွာ ထွက်​ပြေး​ကြ​မည်။-

6. ထို​အ​ခါ​သူ​တို့​သည်​မြို့​မှ​ဝေး​ကွာ​သည့်​အ​ရပ် သို့​ရောက်​သည့်​တိုင်​အောင် ငါ​တို့​နောက်​သို့​လိုက်​လံ တိုက်​ခိုက်​ကြ​လိမ့်​မည်။ ငါ​တို့​ယ​ခင်​အ​တိုင်း ထွက်​ပြေး​ကြ​ပြီ​ဟု​သူ​တို့​ထင်​မှတ်​လိမ့်​မည်။-

7. ထို​အ​ခါ​သင်​တို့​ပုန်း​ကွယ်​ရာ​မှ​ထွက်​၍​မြို့ ကို​သိမ်း​ယူ​ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​မြို့​ကို​သင်​တို့​လက် သို့​အပ်​တော်​မူ​မည်။-

8. သင်​တို့​သည်​မြို့​ကို​သိမ်း​ယူ​ပြီး​နောက်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မြို့​ကို​မီး ရှို့​ဖျက်​ဆီး​ပစ်​ရ​မည်။ ဤ​အ​မိန့်​အ​တိုင်း ဆောင်​ရွက်​ကြ​လော့'' ဟု​အ​မိန့်​ပေး​လေ​၏။-

9. ယော​ရှု​သည်​လက်​ရွေး​စင်​သူရဲ​တို့​ကို​စေ​လွှတ် သ​ဖြင့် သူ​တို့​သည်​ချီ​တက်​၍​အာ​ဣ​မြို့​အ​နောက် ဘက်​နှင့်​ဗေ​သ​လ​မြို့​စပ်​ကြား​တွင်​ပုန်း​အောင်း စောင့်​ဆိုင်း​နေ​ကြ​လေ​သည်။ ယော​ရှု​သည်​ထို ည​၌​စ​ခန်း​တွင်​နေ​၏။

10. နံ​နက်​စော​စော​၌​ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ကြီး​အ​ကဲ​တို့​နှင့်​အ​တူ စစ်​သူ​ရဲ​တို့ ကို​ဦး​ဆောင်​၍​အာ​ဣ​မြို့​သို့​ချီ​တက်​လေ​သည်။-

11. သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​သော​စစ်​သူ​ရဲ​တို့ သည် မြို့​တံ​ခါး​မ​ဘက်​သို့​ချီ​တက်​၍​မြောက် ဘက်​တွင်​စ​ခန်း​ချ​ကြ​သည်။ သူ​တို့​၏​စ​ခန်း နှင့်​မြို့​အ​ကြား​တွင်​ချိုင့်​ဝှမ်း​ရှိ​၏။-

12. သူ​သည်​စစ်​သူ​ရဲ​ငါး​ထောင်​ခန့်​ကို​မြို့​အ​နောက် ဘက် အာ​ဣ​မြို့​နှင့်​ဗေ​သ​လ​မြို့​အ​ကြား​တွင် ပုန်း​အောင်း​နေ​စေ​၏။-

13. တပ်မ​ကို​မြို့​၏​အ​နောက်​ဘက်​တွင်​လည်း​ကောင်း တပ်​စွဲ​စေ​၏။ ထို​ည​၌​ယော​ရှု​သည်​ချိုင့်​ဝှမ်း ထဲ​သို့​ဆင်း​သွား​လေ​၏။-

14. အာ​ဣ​မင်း​သည်​ယော​ရှု​၏​စစ်​သူရဲ​များ​တပ်​ချ လျက်​ရှိ​သည်​ကို​မြင်​လျှင် မိ​မိ​၏​စစ်​သူရဲ​အ​ပေါင်း တို့​ကို​အ​လျင်​အ​မြန်​စု​ရုံး​၍ ဣ​သ​ရေ​လ​တပ် ကို​တိုက်​ခိုက်​ရန်​ယော်​ဒန်​မြစ်​ချိုင့်​ဝှမ်း​ဘက် ယ​ခင် တိုက်​ခိုက်​ခဲ့​သော​အ​ရပ်​သို့​ချီ​တက်​လေ​သည်။ သို့​ရာ​တွင်​သူ​သည်​မြို့​၏​အ​နောက်​ဘက်​၌ ဣ​သ​ရေ​လ​တပ်​ပုန်း​များ​ချ​ထား​ကြောင်း ကို​မ​ရိပ်​မိ​ချေ။-

ယော​ရှု 8