21. ယောရှုနှင့်သူ၏တပ်သားတို့သည်မိမိတို့ တပ်ပုန်းများက မြို့ကိုသိမ်းလိုက်ကြောင်းကို လည်းကောင်း၊ မြို့မီးလောင်လျက်ရှိသည်ကို လည်းကောင်းတွေ့မြင်ရလျှင်ပြန်လှည့်၍ အာဣမြို့သားများကိုတိုက်ခိုက်သတ်ဖြတ် ကြသည်။-
22-23. မြို့တွင်း၌ရှိသောဣသရေလတပ်သားတို့ ကလည်းထွက်၍တိုက်ခိုက်ကြရာ အာဣမြို့ သားတို့သည်ဝိုင်းရံခြင်းကိုခံရသဖြင့် သူတို့အားလုံးပင်ကျဆုံးကြကုန်၏။ အာဣ မင်းကလွဲ၍မည်သူမျှအသက်ရှင်၍မကျန် ရစ်ခဲ့ချေ။ ဣသရေလတပ်သားတို့သည် အာဣမင်းကိုလက်ရဖမ်းဆီး၍ယောရှု ထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။
24. ဣသရေလတပ်သားတို့သည်ကွင်းပြင်ဒေသ ၌ ရန်သူများကိုတစ်ယောက်မကျန်သတ်ဖြတ် ပြီးနောက် အာဣမြို့ထဲသို့ပြန်ဝင်လာ၍ကျန် ရှိသူရှိသမျှကိုသုတ်သင်လိုက်ကြလေသည်။-
25-26. မြို့သူမြို့သားများတစ်ယောက်မကျန်သေဆုံး ကုန်သည်အထိ ယောရှုသည်မိမိလှံကိုမချ ဘဲအာဣမြို့ဘက်သို့ချိန်ရွယ်ထားလေသည်။ ထိုနေ့၌တစ်သောင်းနှစ်ထောင်မျှရှိသောမြို့ သူမြို့သားအားလုံးသေဆုံးကုန်ကြ၏။-
27. ယောရှုအားထာဝရဘုရားမိန့်မှာတော်မူ သည်အတိုင်း ဣသရေလအမျိုးသားတို့ သည်သိုးနွားတိရစ္ဆာန်များနှင့်ဥစ္စာပစ္စည်း များကိုမိမိတို့အတွက်သိမ်းယူကြ၏။-