ယော​ရှု 8:19-27 Common Language Bible (BCL)

19. ယော​ရှု​သည်​လှံ​ကို​ကိုင်​၍​မြို့​ဘက်​သို့​ချိန်​ရွယ် လိုက်​ရာ​စစ်​သူ​ရဲ​တို့​သည် ပုန်း​အောင်း​ရာ​မှ အ​လျင်​အ​မြန်​ထွက်​လာ​၍ မြို့​တွင်း​သို့​ပြေး ဝင်​ကြ​ပြီး​လျှင်​မြို့​ကို​သိမ်း​၍​ချက်​ချင်း မီး​ရှို့​ဖျက်​ဆီး​ကြ​၏။-

20. အာ​ဣ​မြို့​သား​တို့​သည်​နောက်​သို့​လှည့်​ကြည့် သော​အ​ခါ မြို့​မှ​မီး​ခိုး​လုံး​ကြီး​များ​အ​ထက် သို့​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။ ထို အ​ခါ​မြို့​ပြင်​ဘက်​သို့​ထွက်​ပြေး​ခဲ့​ကြ​သော ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​တို့​ကို​တိုက်​ခိုက်​ကြ​သ​ဖြင့် သူ​တို့​ထွက်​ပေါက်​မ​ရှိ​ဘဲ​ပိတ်​မိ​နေ​ကြ​၏။-

21. ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည်​မိ​မိ​တို့ တပ်​ပုန်း​များ​က မြို့​ကို​သိမ်း​လိုက်​ကြောင်း​ကို လည်း​ကောင်း၊ မြို့​မီး​လောင်​လျက်​ရှိ​သည်​ကို လည်း​ကောင်း​တွေ့​မြင်​ရ​လျှင်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​များ​ကို​တိုက်​ခိုက်​သတ်​ဖြတ် ကြ​သည်။-

22-23. မြို့​တွင်း​၌​ရှိ​သော​ဣ​သ​ရေ​လ​တပ်​သား​တို့ က​လည်း​ထွက်​၍​တိုက်​ခိုက်​ကြ​ရာ အာ​ဣ​မြို့ သား​တို့​သည်​ဝိုင်း​ရံ​ခြင်း​ကို​ခံ​ရ​သ​ဖြင့် သူ​တို့​အား​လုံး​ပင်​ကျ​ဆုံး​ကြ​ကုန်​၏။ အာဣ မင်း​က​လွဲ​၍​မည်​သူ​မျှ​အသက်​ရှင်​၍​မ​ကျန် ရစ်​ခဲ့​ချေ။ ဣ​သ​ရေ​လ​တပ်​သား​တို့​သည် အာ​ဣ​မင်း​ကို​လက်​ရ​ဖမ်း​ဆီး​၍​ယော​ရှု ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​လေ​သည်။

24. ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ကွင်း​ပြင်​ဒေ​သ ၌ ရန်​သူ​များ​ကို​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​နောက် အာ​ဣ​မြို့​ထဲ​သို့​ပြန်​ဝင်​လာ​၍​ကျန် ရှိ​သူ​ရှိ​သ​မျှ​ကို​သုတ်​သင်​လိုက်​ကြ​လေ​သည်။-

25-26. မြို့​သူ​မြို့​သား​များ​တစ်​ယောက်​မ​ကျန်​သေ​ဆုံး ကုန်​သည်​အ​ထိ ယော​ရှု​သည်​မိ​မိ​လှံ​ကို​မ​ချ ဘဲ​အာ​ဣ​မြို့​ဘက်​သို့​ချိန်​ရွယ်​ထား​လေ​သည်။ ထို​နေ့​၌​တစ်​သောင်း​နှစ်​ထောင်​မျှ​ရှိ​သော​မြို့ သူ​မြို့​သား​အား​လုံး​သေ​ဆုံး​ကုန်​ကြ​၏။-

27. ယော​ရှု​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​သိုး​နွား​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ​ပစ္စည်း များ​ကို​မိ​မိ​တို့​အ​တွက်​သိမ်း​ယူ​ကြ​၏။-

ယော​ရှု 8