1. ထာဝရဘုရားသည်ယောရှုအား``သင်သည် စစ်သူရဲအပေါင်းတို့နှင့်အတူအာဣမြို့ သို့ချီတက်လော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ ငါသည်သင့်လက်တွင်းသို့အာဣမင်းနှင့် တကွပြည်သူပြည်သားများ၊ သူ၏မြို့၊ သူ၏နယ်မြေတို့ကိုပေးအပ်မည်။-
2. သင်သည်ယေရိခေါမြို့နှင့်၎င်း၏မင်းကို သုတ်သင်ဖျက်ဆီးသကဲ့သို့ အာဣမြို့နှင့် ၎င်း၏မင်းကိုသုတ်သင်ဖျက်ဆီးပစ်ရမည်။ သို့ရာတွင်၎င်း၏ပစ္စည်းများနှင့်တိရစ္ဆာန် များကိုသင်တို့သိမ်းယူနိုင်သည်။ မြို့ကို အနောက်ဘက်မှဝင်စီးရန်တပ်ပုန်းချ ထားလော့'' ဟုမိန့်တော်မူ၏။
3. သို့ဖြစ်၍ယောရှုသည်စစ်သူရဲအပေါင်းတို့နှင့် အာဣမြို့သို့ချီတက်ရန်အသင့်ပြင်လေသည်။ သူသည်လက်ရွေးစင်စစ်သူရဲသုံးသောင်းကို ညအချိန်၌စေလွှတ်၍၊-
4. ``သင်တို့သည်မြို့၏အနောက်ဘက်မလှမ်း မကမ်းတွင်ပုန်းအောင်းနေလော့။ မြို့ကိုတိုက် ခိုက်ရန်အသင့်ရှိနေကြလော့။-
5. ငါနှင့်ငါ၏တပ်သားတို့သည်မြို့အနီးသို့ ချဉ်းကပ်လာကြမည်။ အာဣမြို့သားတို့သည် ငါတို့အားထွက်၍တိုက်ခိုက်ကြသောအခါ ငါတို့သည် ယခင်တစ်ကြိမ်ကကဲ့သို့ဆုတ်ခွာ ထွက်ပြေးကြမည်။-
6. ထိုအခါသူတို့သည်မြို့မှဝေးကွာသည့်အရပ် သို့ရောက်သည့်တိုင်အောင် ငါတို့နောက်သို့လိုက်လံ တိုက်ခိုက်ကြလိမ့်မည်။ ငါတို့ယခင်အတိုင်း ထွက်ပြေးကြပြီဟုသူတို့ထင်မှတ်လိမ့်မည်။-
7. ထိုအခါသင်တို့ပုန်းကွယ်ရာမှထွက်၍မြို့ ကိုသိမ်းယူရမည်။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်မြို့ကိုသင်တို့လက် သို့အပ်တော်မူမည်။-
8. သင်တို့သည်မြို့ကိုသိမ်းယူပြီးနောက်ထာဝရ ဘုရားမိန့်မှာတော်မူသည့်အတိုင်း မြို့ကိုမီး ရှို့ဖျက်ဆီးပစ်ရမည်။ ဤအမိန့်အတိုင်း ဆောင်ရွက်ကြလော့'' ဟုအမိန့်ပေးလေ၏။-
9. ယောရှုသည်လက်ရွေးစင်သူရဲတို့ကိုစေလွှတ် သဖြင့် သူတို့သည်ချီတက်၍အာဣမြို့အနောက် ဘက်နှင့်ဗေသလမြို့စပ်ကြားတွင်ပုန်းအောင်း စောင့်ဆိုင်းနေကြလေသည်။ ယောရှုသည်ထို ည၌စခန်းတွင်နေ၏။
22-23. မြို့တွင်း၌ရှိသောဣသရေလတပ်သားတို့ ကလည်းထွက်၍တိုက်ခိုက်ကြရာ အာဣမြို့ သားတို့သည်ဝိုင်းရံခြင်းကိုခံရသဖြင့် သူတို့အားလုံးပင်ကျဆုံးကြကုန်၏။ အာဣ မင်းကလွဲ၍မည်သူမျှအသက်ရှင်၍မကျန် ရစ်ခဲ့ချေ။ ဣသရေလတပ်သားတို့သည် အာဣမင်းကိုလက်ရဖမ်းဆီး၍ယောရှု ထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။
25-26. မြို့သူမြို့သားများတစ်ယောက်မကျန်သေဆုံး ကုန်သည်အထိ ယောရှုသည်မိမိလှံကိုမချ ဘဲအာဣမြို့ဘက်သို့ချိန်ရွယ်ထားလေသည်။ ထိုနေ့၌တစ်သောင်းနှစ်ထောင်မျှရှိသောမြို့ သူမြို့သားအားလုံးသေဆုံးကုန်ကြ၏။-