6. ယောရှုနှင့်ဣသရေလအမျိုးသားခေါင်း ဆောင်တို့သည်ဝမ်းနည်းစိတ်ပျက်လျက် မိမိ တို့၏အဝတ်များကိုဆုတ်ဖြဲ၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ဝမ်း နည်းသည့်အနေဖြင့် မိမိတို့၏ဦးခေါင်း ပေါ်မှာမြေမှုန့်တင်လျက်ညဦးတိုင်အောင် ပျပ်ဝပ်လျက်နေကြ၏။-
7. ယောရှုက``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ် တို့ကိုအဘယ်ကြောင့်ယော်ဒန်မြစ်ကိုဖြတ် ကူးစေတော်မူပါသနည်း။ အာမောရိအမျိုး သားတို့လက်သို့အပ်ရန်လော။ သေကြေပျက်စီး စေရန်လော။ အကျွန်ုပ်တို့သည်ယော်ဒန်မြစ်တစ် ဘက်ကမ်း၌သာနေထိုင်ခဲ့လျှင်ကောင်းပါ မည်။-
8. အို ထာဝရဘုရား၊ ဣသရေလအမျိုး သားတို့သည်ရန်သူများထံမှနောက်သို့ ဆုတ်ပြေးလာရပြီဖြစ်ခြင်းကြောင့် အကျွန်ုပ် သည်မည်သို့ပြောရပါမည်နည်း။-
9. ခါနာန်အမျိုးသားမှစ၍ဤပြည်ရှိလူ အပေါင်းတို့သည် ထိုသတင်းကိုကြားသဖြင့် အကျွန်ုပ်တို့ကိုဝိုင်း၍ တစ်ယောက်မျှမကျန် အောင်သတ်ဖြတ်ကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို လူတို့ အထင်မသေးကြစေခြင်းငှာမည်သို့ ပြုတော်မူပါမည်နည်း'' ဟုလျှောက်ထား လေ၏။
10. ထာဝရဘုရားသည်ယောရှုအား``ထလော့။ အဘယ်ကြောင့်မြေပေါ်တွင်ပျပ်ဝပ်၍နေ သနည်း။-
11. ဣသရေလအမျိုးသားတို့သည်အပြစ် ကူးလွန်ခဲ့ကြပြီ။ သူတို့သည်ငါပေးသော အမိန့်ကိုမလိုက်နာကြ။ သူတို့သည်ဖျက် ဆီးပစ်ရမည့်ပစ္စည်းအချို့ကိုသိမ်းယူထား ကြပြီ။ ထိုပစ္စည်းများကိုခိုးယူ၍မုသား ပြောဆိုလျက်မိမိတို့၏ပစ္စည်းများနှင့် ရောနှောထားကြပြီ။-
12. ထိုကြောင့်ဣသရေလအမျိုးသားတို့သည် ရန်သူများကိုယှဉ်ပြိုင်၍မတိုက်နိုင်ကြ။ သူ တို့ကိုယ်တိုင်ဖျက်ဆီးခြင်းခံရမည့်သူများ ဖြစ်၍ ရန်သူများထံမှဆုတ်ခွာခဲ့ရကြ၏။ သင်တို့ကိုမယူရဟုငါပညတ်သော်လည်း သင်တို့ယူထားသောပစ္စည်းများကိုဖျက်ဆီး မပစ်လျှင် ငါသည်သင်တို့နှင့်အတူရှိတော် မူမည်မဟုတ်။-
13. ထလော့၊ လူတို့ကိုသန့်စင်ခြင်းဝတ်ပြုစေ ပြီးလျှင် နက်ဖြန်နေ့၌ငါ၏ရှေ့တော်သို့ ဝင်ရန်အသင့်ရှိကြစေ။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြား လော့။ `ဣသရေလအမျိုးသားအပေါင်း တို့၊ ဖျက်ဆီးပစ်ရမည်ဟုငါပညတ်ထား သောပစ္စည်းအချို့သင်တို့တွင်ရှိ၏။ ထိုပစ္စည်း များကိုသင်တို့မဖျက်ဆီးသမျှကာလ ပတ်လုံးသင်တို့သည်ရန်သူများကိုမခံ မရပ်နိုင်။-
14. သို့ဖြစ်၍နက်ဖြန်နေ့နံနက်၌သင်တို့သည် အနွယ်အလိုက်ထွက်လာကြရမည်။ မဲကျ သောအနွယ်သည်သားချင်းစုအလိုက်ရှေ့ သို့ထွက်လာရမည်။ မဲကျသောမိသားစု သည်တစ်ဦးချင်းရှေ့သို့ထွက်လာရမည်။-
15. ထိုနောက်ဖျက်ဆီးရမည့်ပစ္စည်းခိုးသူဟု မဲကျသူသည် ငါ၏ပဋိညာဉ်ကိုချိုးဖျက် ၍ဣသရေလအမျိုးသားတို့အား အရှက် တကွဲအကျိုးနည်းဖြစ်စေသောကြောင့်သူ နှင့်တကွသူ၏မိသားစုကိုလည်းကောင်း၊ သူပိုင်သမျှသောပစ္စည်းများကိုလည်းကောင်း မီးရှို့ဖျက်ဆီးပစ်ရမည်' '' ဟုမိန့်ကြား တော်မူ၏။
16. နောက်တစ်နေ့နံနက်စောစောတွင်ယောရှုသည် ဣသရေလအမျိုးသားတို့အား အနွယ် အလိုက်ရှေ့တော်သို့ထွက်စေရာယုဒ အနွယ်မဲကျလေ၏။-