23. သူတို့သည်ထိုပစ္စည်းများကိုယောရှုနှင့်ဣသ ရေလအမျိုးသားအပေါင်းတို့ထံသို့ယူဆောင် ခဲ့၍ ထာဝရဘုရား၏ရှေ့တော်တွင်ချထား ကြသည်။-
24. ယောရှုနှင့်ဣသရေလအမျိုးသားအပေါင်း တို့သည်အာခန်နှင့်တကွငွေ၊ ဝတ်ရုံနှင့်ရွှေ ချောင်းကိုလည်းကောင်း၊ သူ၏သားသမီးများ၊ သိုး၊ နွား၊ မြည်း၊ တဲနှင့်သူပိုင်ပစ္စည်းရှိသမျှ တို့ကိုလည်းကောင်းဒုက္ခချိုင့်ဝှမ်းသို့ခေါ် ဆောင်သွားကြလေသည်။-
25. ယောရှုကအာခန်အား``သင်သည်အဘယ် ကြောင့်ငါတို့အားဒုက္ခရောက်စေသနည်း။ ယခုထာဝရဘုရားသည်သင့်အားဒုက္ခ ရောက်စေတော်မူမည်'' ဟုဆိုလေ၏။ ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် အာခန်ကိုကျောက်ခဲဖြင့်ပစ်၍သတ်ကြ၏။ သူ၏မိသားစုကိုလည်းကျောက်ခဲဖြင့်ပစ် ၍သတ်ပြီးလျှင် သူ၏ပစ္စည်းများနှင့်အတူ မီးရှို့လိုက်ကြ၏။-
26. သူ၏အလောင်းပေါ်တွင်ကျောက်ခဲပုံကြီး ကိုပုံထားကြ၏။ ထိုကျောက်ပုံကြီးကို ယနေ့တိုင်အောင်တွေ့မြင်နိုင်သည်။ ထိုအဖြစ် အပျက်ကိုအစွဲပြု၍ထိုအရပ်ကို`ဒုက္ခ ချိုင့်ဝှမ်း' ဟုယနေ့တိုင်ခေါ်တွင်ကြသည်။ထိုအခါထာဝရဘုရားသည်အမျက် တော်ပြေလေ၏။