20. ထိုအခါအာခန်က``အကျွန်ုပ်သည်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားမိခဲ့ကြောင်းဝန်ခံပါ သည်။-
21. အကျွန်ုပ်တို့သိမ်းယူခဲ့သောပစ္စည်းများထဲ တွင်လှပသောဗာဗုလုန်ဝတ်ရုံ၊ ငွေချိန်ငါး ပေါင်ခန့်နှင့်အချိန်တစ်ပေါင်ကျော်ခန့်ရှိ သောရွှေချောင်းကိုတွေ့ရ၍ လိုချင်မက်မော လှသဖြင့်ယူမိပါသည်။ အကျွန်ုပ်၏တဲထဲ တွင်ငွေကိုအောက်ဆုံး၌ထား၍မြှုပ်ထား ပါသည်'' ဟုယောရှုအားလျှောက်ထားလေ၏။
22. ထိုအခါယောရှုသည်လူအချို့ကိုစေခိုင်း သဖြင့် သူတို့သည်အာခန်၏တဲသို့ပြေးသွား ကြ၏။ တဲအတွင်း၌အာခန်ထုတ်ဖော်ပြောပြ သည့်အတိုင်းဖျက်ဆီးရမည့်ပစ္စည်းများကို တွေ့ရကြလေသည်။-
23. သူတို့သည်ထိုပစ္စည်းများကိုယောရှုနှင့်ဣသ ရေလအမျိုးသားအပေါင်းတို့ထံသို့ယူဆောင် ခဲ့၍ ထာဝရဘုရား၏ရှေ့တော်တွင်ချထား ကြသည်။-
24. ယောရှုနှင့်ဣသရေလအမျိုးသားအပေါင်း တို့သည်အာခန်နှင့်တကွငွေ၊ ဝတ်ရုံနှင့်ရွှေ ချောင်းကိုလည်းကောင်း၊ သူ၏သားသမီးများ၊ သိုး၊ နွား၊ မြည်း၊ တဲနှင့်သူပိုင်ပစ္စည်းရှိသမျှ တို့ကိုလည်းကောင်းဒုက္ခချိုင့်ဝှမ်းသို့ခေါ် ဆောင်သွားကြလေသည်။-
25. ယောရှုကအာခန်အား``သင်သည်အဘယ် ကြောင့်ငါတို့အားဒုက္ခရောက်စေသနည်း။ ယခုထာဝရဘုရားသည်သင့်အားဒုက္ခ ရောက်စေတော်မူမည်'' ဟုဆိုလေ၏။ ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် အာခန်ကိုကျောက်ခဲဖြင့်ပစ်၍သတ်ကြ၏။ သူ၏မိသားစုကိုလည်းကျောက်ခဲဖြင့်ပစ် ၍သတ်ပြီးလျှင် သူ၏ပစ္စည်းများနှင့်အတူ မီးရှို့လိုက်ကြ၏။-