ယော​ရှု 7:11-21 Common Language Bible (BCL)

11. ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​အ​ပြစ် ကူး​လွန်​ခဲ့​ကြ​ပြီ။ သူ​တို့​သည်​ငါ​ပေး​သော အ​မိန့်​ကို​မ​လိုက်​နာ​ကြ။ သူ​တို့​သည်​ဖျက် ဆီး​ပစ်​ရ​မည့်​ပစ္စည်း​အ​ချို့​ကို​သိမ်း​ယူ​ထား ကြ​ပြီ။ ထို​ပစ္စည်း​များ​ကို​ခိုး​ယူ​၍​မု​သား ပြော​ဆို​လျက်​မိ​မိ​တို့​၏​ပစ္စည်း​များ​နှင့် ရော​နှော​ထား​ကြ​ပြီ။-

12. ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​များ​ကို​ယှဉ်​ပြိုင်​၍​မ​တိုက်​နိုင်​ကြ။ သူ တို့​ကိုယ်​တိုင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​မည့်​သူ​များ ဖြစ်​၍ ရန်​သူ​များ​ထံ​မှ​ဆုတ်​ခွာ​ခဲ့​ရ​ကြ​၏။ သင်​တို့​ကို​မ​ယူ​ရ​ဟု​ငါ​ပညတ်​သော်​လည်း သင်​တို့​ယူ​ထား​သော​ပစ္စည်း​များ​ကို​ဖျက်​ဆီး မ​ပစ်​လျှင် ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​မည်​မ​ဟုတ်။-

13. ထ​လော့၊ လူ​တို့​ကို​သန့်စင်​ခြင်း​ဝတ်​ပြု​စေ ပြီး​လျှင် နက်​ဖြန်​နေ့​၌​ငါ​၏​ရှေ့​တော်​သို့ ဝင်​ရန်​အ​သင့်​ရှိ​ကြ​စေ။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ဤ​သို့​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား လော့။ `ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့၊ ဖျက်​ဆီး​ပစ်​ရ​မည်​ဟု​ငါ​ပ​ညတ်​ထား သော​ပစ္စည်း​အ​ချို့​သင်​တို့​တွင်​ရှိ​၏။ ထို​ပစ္စည်း များ​ကို​သင်​တို့​မ​ဖျက်​ဆီး​သ​မျှ​ကာ​လ ပတ်​လုံး​သင်​တို့​သည်​ရန်​သူ​များ​ကို​မ​ခံ မ​ရပ်​နိုင်။-

14. သို့​ဖြစ်​၍​နက်​ဖြန်​နေ့​နံ​နက်​၌​သင်​တို့​သည် အ​နွယ်​အ​လိုက်​ထွက်​လာ​ကြ​ရ​မည်။ မဲ​ကျ သော​အ​နွယ်​သည်​သား​ချင်း​စု​အ​လိုက်​ရှေ့ သို့​ထွက်​လာ​ရ​မည်။ မဲ​ကျ​သော​မိ​သား​စု သည်​တစ်​ဦး​ချင်း​ရှေ့​သို့​ထွက်​လာ​ရ​မည်။-

15. ထို​နောက်​ဖျက်​ဆီး​ရ​မည့်​ပစ္စည်း​ခိုး​သူ​ဟု မဲ​ကျ​သူ​သည် ငါ​၏​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖျက် ၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရှက် တ​ကွဲ​အ​ကျိုး​နည်း​ဖြစ်​စေ​သော​ကြောင့်​သူ နှင့်​တ​ကွ​သူ​၏​မိ​သား​စု​ကို​လည်း​ကောင်း၊ သူ​ပိုင်​သ​မျှ​သော​ပစ္စည်း​များ​ကို​လည်း​ကောင်း မီး​ရှို့​ဖျက်​ဆီး​ပစ်​ရ​မည်' '' ဟု​မိန့်​ကြား တော်​မူ​၏။

16. နောက်​တစ်​နေ့​နံနက်​စော​စော​တွင်​ယော​ရှု​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​နွယ် အ​လိုက်​ရှေ့​တော်​သို့​ထွက်​စေ​ရာ​ယု​ဒ အ​နွယ်​မဲ​ကျ​လေ​၏။-

17. ယု​ဒ​အ​နွယ်​မှ​သား​ချင်း​စု​တို့​ရှေ့​တော်​သို့ ထွက်​လာ​သော​အ​ခါ ဇေ​ရ​သား​ချင်း​စု​မဲ​ကျ လေ​၏။ ဇေ​ရ​သား​ချင်း​စု​မှ​မိ​သား​စု​များ ရှေ့​တော်​သို့​ထွက်​စေ​ရာ​ဇာ​ဗ​ဒိ​မိ​သား​စု​ကို မဲ​ကျ​လေ​၏။-

18. ဇာ​ဗ​ဒိ​၏​မိ​သား​စု​မှ​တစ်​ဦး​ချင်း​ရှေ့​တော် သို့​ထွက်​လာ​စေ​သည့်​အ​ခါ အာ​ခန်​ဆို​သူ မဲ​ကျ​လေ​၏။ သူ​သည်​ကာ​မိ​၏​သား၊ ဇာ​ဗ​ဒိ ၏​မြေး​ဖြစ်​သည်။-

19. ယော​ရှု​က​သူ့​အား``ငါ့​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​တွင်​မှန်​ရာ​ကို​ပြော​၍​ဝန်​ခံ လော့။ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​မ​ထိမ်​မ​ချန် ဘဲ​ငါ့​အား​ထုတ်​ဖော်​ပြော​ကြား​လော့'' ဟု ဆို​လေ​၏။

20. ထို​အ​ခါ​အာခန်​က``အ​ကျွန်ုပ်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​မိ​ခဲ့​ကြောင်း​ဝန်​ခံ​ပါ သည်။-

21. အ​ကျွန်ုပ်​တို့​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း​များ​ထဲ တွင်​လှ​ပ​သော​ဗာ​ဗု​လုန်​ဝတ်​ရုံ၊ ငွေ​ချိန်​ငါး ပေါင်​ခန့်​နှင့်​အ​ချိန်​တစ်​ပေါင်​ကျော်​ခန့်​ရှိ သော​ရွှေ​ချောင်း​ကို​တွေ့​ရ​၍ လို​ချင်​မက်​မော လှ​သ​ဖြင့်​ယူ​မိ​ပါ​သည်။ အ​ကျွန်ုပ်​၏​တဲ​ထဲ တွင်​ငွေ​ကို​အောက်​ဆုံး​၌​ထား​၍​မြှုပ်​ထား ပါ​သည်'' ဟု​ယော​ရှု​အား​လျှောက်​ထား​လေ​၏။

ယော​ရှု 7