7. ရှေ့ဆုံးမှတပ်သားများ၊ ထိုနောက်ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်၊ နောက်ဆုံး တွင်လူတို့လိုက်ပါလျက် မြို့ကိုပတ်၍ချီ တက်ရန်ယောရှုအမိန့်ပေးလေ၏။-
10. ယောရှုကလူအပေါင်းတို့အား``ငါအမိန့် မပေးမီမည်သူမျှမအော်ဟစ်ရ။ စကား တစ်ခွန်းမျှမပြောရ'' ဟုမှာထားပြီး ဖြစ်၏။-
11. သို့ဖြစ်၍ယောရှုသည်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်အားမြို့ကို ပထမ အကြိမ်လှည့်ပတ်စေ၏။ ထိုနောက်သူတို့သည် စခန်းသို့ပြန်လာ၍တစ်ညတာရပ်နားကြ သည်။
12. နောက်တစ်နေ့နံနက်စောစောတွင်ယောရှုသည် နိုးထ၏။ ယဇ်ပုရောဟိတ်နှင့်စစ်သည်တို့သည် ဒုတိယအကြိမ်မြို့ကိုယခင်နည်းအတိုင်း လှည့်ပတ်ကြ၏။-
13. ရှေ့ဆုံးကတပ်သားများ၊ ထိုနောက်တံပိုးခရာ ခုနစ်လုံးကိုမှုတ်သောယဇ်ပုရောဟိတ်ခုနစ် ယောက်၊ သူတို့နောက်ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်ကိုပင့်ဆောင်သောယဇ်ပုရော ဟိတ်များနှင့်နောက်ဆုံးတပ်သားများလိုက် ပါချီတက်ကြ၏။ သူတို့ချီတက်နေစဉ် ယဇ်ပုရောဟိတ်များကတံပိုးခရာများ ကိုမှုတ်ကြသည်။-
14. ဒုတိယနေ့၌သူတို့သည်တစ်ဖန်မြို့ကို တစ် ကြိမ်လှည့်ပတ်၍စခန်းသို့ပြန်လာကြလေ သည်။ သူတို့သည်ဤနည်းနှင်နှင်ခြောက်ရက် တိုင်တိုင်မြို့ကိုလှည့်ပတ်ကြသည်။
15. သတ္တမနေ့နံနက်အရုဏ်တက်အချိန်၌သူတို့ သည်နိုးထ၍ ယခင်လှည့်ပတ်နည်းအတိုင်းမြို့ ကိုခုနစ်ကြိမ်လှည့်ပတ်ကြလေသည်။ ထိုနေ့၌ သာမြို့ကိုခုနစ်ကြိမ်တိုင်အောင်လှည့်ပတ်ကြ သည်။-
16. မြို့ကိုသတ္တမအကြိမ်လှည့်ပတ်နေစဉ်ယဇ် ပုရောဟိတ်များ တံပိုးခရာများကိုမှုတ်အံ့ ဆဲဆဲ၌ယောရှုသည်လူအပေါင်းတို့အား``ဟစ် အော်ကြွေးကြော်ကြလော့။ ထာဝရဘုရား သည်သင်တို့အားမြို့ကိုအပ်တော်မူပြီ။-
17. မြို့နှင့်တကွမြို့တွင်း၌ရှိသမျှသောဥစ္စာ ပစ္စည်းတို့သည်ထာဝရဘုရားအတွက် ပူဇော် သကာအဖြစ်လုံးဝဖျက်ဆီးပစ်ရမည်။ ပြည့် တန်ဆာမရာခပ်သည်ငါတို့၏သူလျှိုများ ကိုဝှက်ထားခဲ့သောကြောင့် သူနှင့်သူ၏အိမ် သူအိမ်သားတို့ကိုသာလျှင်အသက်ချမ်း သာပေးရမည်။-
18. သို့ရာတွင်သင်တို့သည်ဖျက်ဆီးပစ်ရမည့် အရာများမှမည်သည့်ပစ္စည်းမျှမယူရ။ အကယ်၍ယူမိလျှင်ဣသရေလအမျိုး သားတို့၏စခန်းတွင်ဘေးဒုက္ခဆိုက်ရောက် လိမ့်မည်။-
19. ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်ထားသော ဝတ္ထုပစ္စည်းရှိသမျှတို့ကိုကား ထာဝရဘုရား အတွက်သီးသန့်သတ်မှတ်ထားသဖြင့် ထာဝရ ဘုရား၏ဘဏ္ဍာတော်တိုက်ထဲသို့သွင်းထားရ မည်'' ဟုမိန့်ဆိုလေသည်။
20. ထို့ကြောင့်ယဇ်ပုရောဟိတ်တို့တံပိုးခရာ မှုတ်လျှင်မှုတ်ခြင်း လူအပေါင်းတို့သည် တခဲနက်ကြွေးကြော်ရာမြို့ရိုးများပြိုကျ လေ၏။ ဣသရေလအမျိုးသားအပေါင်းတို့ သည်မြို့တွင်းသို့အတားအဆီးမရှိဘဲ ဝင်ရောက်၍မြို့ကိုသိမ်းယူကြ၏။-
21. သူတို့သည်မြို့တွင်း၌ရှိသမျှသောယောကျာ်း၊ မိန်းမအကြီးအငယ်တို့ကိုလည်းကောင်း၊ သိုး၊ နွား၊ မြည်းတို့ကိုလည်းကောင်း၊ ဋ္ဌားဖြင့်သတ် ဖြတ်သုတ်သင်ကြ၏။
22. ထိုနောက်ယောရှုသည်ထိုပြည်ကိုထောက်လှမ်း ခဲ့သောသူလျှိုနှစ်ယောက်တို့အား``သင်တို့သည် ပြည့်တန်ဆာမအားကတိပေးခဲ့သည့်အတိုင်း သူ့အိမ်သူအိမ်သားတို့ကိုခေါ်ဆောင်ခဲ့လော့'' ဟု စေခိုင်းလေ၏။-
23. ထိုကြောင့်သူတို့သည်ရာခပ်နှင့်တကွသူ၏ မိဘများ၊ မောင်နှမများနှင့်အိမ်သူအိမ်သား များကိုခေါ်ဆောင်ခဲ့၏။ ကျေးကျွန်များပါ မကျန်သူတို့အားလုံးတို့ကိုဣသရေလ အမျိုးသားတို့၏စခန်းအနီးလုံခြုံသော အရပ်တွင်နေရာချထားကြလေသည်။-
24. ထိုနောက်သူတို့သည်မြို့နှင့်တကွမြို့တွင်း ၌ရှိသမျှသောအရာအားလုံးကိုမီးရှို့ ဖျက်ဆီးကြ၏။ သို့ရာတွင်သူတို့သည် ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်သောဝတ္ထုပစ္စည်း များကိုသိမ်းယူ၍ ထာဝရဘုရား၏ဘဏ္ဍာ တော်တိုက်ထဲသို့သွင်းကြသည်။-
25. ပြည့်တန်ဆာမရာခပ်သည်ယေရိခေါမြို့ အခြေအနေကိုထောက်လှမ်းရန် စေလွှတ်လိုက် သောသူနှစ်ယောက်တို့ကိုဝှက်ထားခဲ့ခြင်း ကြောင့် ယောရှုသည်သူနှင့်သူ၏ဆွေမျိုးအား လုံးတို့ကိုအသက်ချမ်းသာပေး၏။ (သူ၏ အဆက်အနွယ်တို့သည်ယနေ့တိုင်အောင် ဣသရေလအမျိုးသားတို့နှင့်အတူနေ ထိုင်လျက်ရှိကြသည်။)