23. ထိုကြောင့်သူတို့သည်ရာခပ်နှင့်တကွသူ၏ မိဘများ၊ မောင်နှမများနှင့်အိမ်သူအိမ်သား များကိုခေါ်ဆောင်ခဲ့၏။ ကျေးကျွန်များပါ မကျန်သူတို့အားလုံးတို့ကိုဣသရေလ အမျိုးသားတို့၏စခန်းအနီးလုံခြုံသော အရပ်တွင်နေရာချထားကြလေသည်။-
24. ထိုနောက်သူတို့သည်မြို့နှင့်တကွမြို့တွင်း ၌ရှိသမျှသောအရာအားလုံးကိုမီးရှို့ ဖျက်ဆီးကြ၏။ သို့ရာတွင်သူတို့သည် ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်သောဝတ္ထုပစ္စည်း များကိုသိမ်းယူ၍ ထာဝရဘုရား၏ဘဏ္ဍာ တော်တိုက်ထဲသို့သွင်းကြသည်။-
25. ပြည့်တန်ဆာမရာခပ်သည်ယေရိခေါမြို့ အခြေအနေကိုထောက်လှမ်းရန် စေလွှတ်လိုက် သောသူနှစ်ယောက်တို့ကိုဝှက်ထားခဲ့ခြင်း ကြောင့် ယောရှုသည်သူနှင့်သူ၏ဆွေမျိုးအား လုံးတို့ကိုအသက်ချမ်းသာပေး၏။ (သူ၏ အဆက်အနွယ်တို့သည်ယနေ့တိုင်အောင် ဣသရေလအမျိုးသားတို့နှင့်အတူနေ ထိုင်လျက်ရှိကြသည်။)
26. ထိုအခါယောရှုက``ယေရိခေါမြို့ကိုပြန် လည်တည်ဆောက်သောသူသည် ထာဝရ ဘုရား၏ကျိန်စာသင့်ပါစေသား။မြို့၏အုတ်မြစ်ကိုတည်သောသူသည် သားဦးဆုံးရပါစေသား။မြို့တံခါးကိုဆောက်သောသူသည်သားထွေး ဆုံးရပါစေသား'' ဟူ၍ကျိန်ဆိုလေ၏။
27. ထာဝရဘုရားသည်ယောရှုနှင့်အတူရှိ တော်မူ၍သူ၏နာမည်သည်တစ်ပြည်လုံး တွင်ထင်ရှားကျော်စောလေ၏။