ယော​ရှု 6:11-22 Common Language Bible (BCL)

11. သို့​ဖြစ်​၍​ယော​ရှု​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အား​မြို့​ကို ပ​ထ​မ အ​ကြိမ်​လှည့်​ပတ်​စေ​၏။ ထို​နောက်​သူ​တို့​သည် စခန်း​သို့​ပြန်​လာ​၍​တစ်​ည​တာ​ရပ်​နား​ကြ သည်။

12. နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင်​ယော​ရှု​သည် နိုး​ထ​၏။ ယဇ်​ပု​ရော​ဟိတ်​နှင့်​စစ်​သည်​တို့​သည် ဒု​တိ​ယ​အကြိမ်​မြို့​ကို​ယ​ခင်​နည်း​အ​တိုင်း လှည့်​ပတ်​ကြ​၏။-

13. ရှေ့​ဆုံး​က​တပ်​သား​များ၊ ထို​နောက်​တံ​ပိုး​ခ​ရာ ခု​နစ်​လုံး​ကို​မှုတ်​သော​ယဇ်​ပု​ရော​ဟိတ်​ခု​နစ် ယောက်၊ သူ​တို့​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​နောက်​ဆုံး​တပ်​သား​များ​လိုက် ပါ​ချီ​တက်​ကြ​၏။ သူ​တို့​ချီ​တက်​နေ​စဉ် ယဇ်​ပု​ရော​ဟိတ်​များ​က​တံ​ပိုး​ခ​ရာ​များ ကို​မှုတ်​ကြ​သည်။-

14. ဒု​တိ​ယ​နေ့​၌​သူ​တို့​သည်​တစ်​ဖန်​မြို့​ကို တစ် ကြိမ်​လှည့်​ပတ်​၍​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ သည်။ သူ​တို့​သည်​ဤ​နည်း​နှင်​နှင်​ခြောက်​ရက် တိုင်​တိုင်​မြို့​ကို​လှည့်​ပတ်​ကြ​သည်။

15. သတ္တမ​နေ့​နံ​နက်​အ​ရုဏ်​တက်​အ​ချိန်​၌​သူ​တို့ သည်​နိုး​ထ​၍ ယ​ခင်​လှည့်​ပတ်​နည်း​အ​တိုင်း​မြို့ ကို​ခုနစ်​ကြိမ်​လှည့်​ပတ်​ကြ​လေ​သည်။ ထို​နေ့​၌ သာ​မြို့​ကို​ခု​နစ်​ကြိမ်​တိုင်​အောင်​လှည့်​ပတ်​ကြ သည်။-

16. မြို့​ကို​သတ္တ​မ​အ​ကြိမ်​လှည့်​ပတ်​နေ​စဉ်​ယဇ် ပု​ရော​ဟိတ်​များ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​အံ့ ဆဲ​ဆဲ​၌​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``ဟစ် အော်​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​အား​မြို့​ကို​အပ်​တော်​မူ​ပြီ။-

17. မြို့​နှင့်​တ​ကွ​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ပူ​ဇော် သ​ကာ​အ​ဖြစ်​လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။ ပြည့် တန်​ဆာ​မ​ရာ​ခပ်​သည်​ငါ​တို့​၏​သူ​လျှို​များ ကို​ဝှက်​ထား​ခဲ့​သော​ကြောင့် သူ​နှင့်​သူ​၏​အိမ် သူ​အိမ်​သား​တို့​ကို​သာ​လျှင်​အ​သက်​ချမ်း သာ​ပေး​ရ​မည်။-

18. သို့​ရာ​တွင်​သင်​တို့​သည်​ဖျက်​ဆီး​ပစ်​ရ​မည့် အ​ရာ​များ​မှ​မည်​သည့်​ပစ္စည်း​မျှ​မ​ယူ​ရ။ အ​ကယ်​၍​ယူ​မိ​လျှင်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​စ​ခန်း​တွင်​ဘေး​ဒုက္ခ​ဆိုက်​ရောက် လိမ့်​မည်။-

19. ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တို့​ဖြင့်​ပြု​လုပ်​ထား​သော ဝတ္ထု​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ကား ထာ​ဝ​ရ​ဘု​ရား အ​တွက်​သီး​သန့်​သတ်​မှတ်​ထား​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ဘဏ္ဍာ​တော်​တိုက်​ထဲ​သို့​သွင်း​ထား​ရ မည်'' ဟု​မိန့်​ဆို​လေ​သည်။

20. ထို့​ကြောင့်​ယဇ်​ပု​ရော​ဟိတ်​တို့​တံ​ပိုး​ခရာ မှုတ်​လျှင်​မှုတ်​ခြင်း လူ​အ​ပေါင်း​တို့​သည် တ​ခဲ​နက်​ကြွေး​ကြော်​ရာ​မြို့​ရိုး​များ​ပြို​ကျ လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည်​မြို့​တွင်း​သို့​အ​တား​အ​ဆီး​မ​ရှိ​ဘဲ ဝင်​ရောက်​၍​မြို့​ကို​သိမ်း​ယူ​ကြ​၏။-

21. သူ​တို့​သည်​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ယောကျာ်း၊ မိန်း​မ​အ​ကြီး​အ​ငယ်​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း​တို့​ကို​လည်း​ကောင်း၊ ဋ္ဌား​ဖြင့်​သတ် ဖြတ်​သုတ်​သင်​ကြ​၏။

22. ထို​နောက်​ယော​ရှု​သည်​ထို​ပြည်​ကို​ထောက်​လှမ်း ခဲ့​သော​သူ​လျှို​နှစ်​ယောက်​တို့​အား``သင်​တို့​သည် ပြည့်​တန်​ဆာ​မ​အား​က​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သူ့​အိမ်​သူ​အိမ်​သား​တို့​ကို​ခေါ်​ဆောင်​ခဲ့​လော့'' ဟု စေ​ခိုင်း​လေ​၏။-

ယော​ရှု 6