ယော​ရှု 5:7-12 Common Language Bible (BCL)

7. သူ​တို့​၏​သား​များ​သည်​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​ကို​မ​ခံ​ခဲ့​ရ​သ​ဖြင့် ယော​ရှု သည်​ထို​သား​များ​အ​တွက်​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂလာ​ကို​စီ​ရင်​ပေး​ခြင်း​ဖြစ်​သည်။

8. အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို​စီ​ရင်​ပြီး​နောက် ဣ​သ​ရေ​လ​အမျိုးသား​အ​ပေါင်း​တို့​သည်​အ​နာ ကျက်​သည့်​တိုင်​အောင်​စ​ခန်း​ထဲ​တွင်​နေ​ထိုင် ကြ​လေ​သည်။-

9. ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``အီ​ဂျစ် ပြည်​တွင်​သင်​တို့​ကျွန်​ခံ​ရ​သော​အ​ရှက်​ကို​ငါ သည်​ယ​နေ့​ဖယ်​ရှား​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို့ ကြောင့်​ထို​အရပ်​သည်​ယ​နေ့​တိုင်​အောင်​ဂိ​လ ဂါ​လ ဟု​နာ​မည်​တွင်​လေ​သည်။

10. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယေ​ရိ​ခေါ မြို့​အ​နီး​လွင်​ပြင်​၌​ရှိ​သော​ဂိ​လ​ဂါ​လ အ​ရပ်​တွင် စ​ခန်း​ချ​နေ​စဉ်​ပ​ထ​မ​လ​တစ် ဆယ့်​လေး​ရက်​နေ့​ည​၌​ပ​သ​ခါ​ပွဲ​တော်​ကို ကျင်း​ပ​ကြ​သည်။-

11. နောက်​တစ်​နေ့​၌​သူ​တို့​သည်​ပထမ​ဦး​ဆုံး​အ​ကြိမ် အ​နေ​ဖြင့် ခါ​နာန်​ပြည်​ထွက်​စပါး​နှင့်​ပြု​လုပ် သော​ပေါက်​ပေါက်​နှင့်​တဆေး​မ​ပါ​သော​မုန့်​ကို စား​ရ​ကြ​သည်။-

12. ထို​နေ့​မှ​စ​၍​မန္န​မုန့်​ကောင်း​ကင်​မှ​မ​ကျ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မန္န​မုန့်​ကို မ​စား​ရ​တော့​ချေ။ ထို​အ​ချိန်​မှ​စ​၍​သူ​တို့ သည်​ခါ​နာန်​ပြည်​ထွက်​အ​သီး​အ​နှံ​များ​ကို စား​ရ​ကြ​သည်။

ယော​ရှု 5