11. နောက်တစ်နေ့၌သူတို့သည်ပထမဦးဆုံးအကြိမ် အနေဖြင့် ခါနာန်ပြည်ထွက်စပါးနှင့်ပြုလုပ် သောပေါက်ပေါက်နှင့်တဆေးမပါသောမုန့်ကို စားရကြသည်။-
12. ထိုနေ့မှစ၍မန္နမုန့်ကောင်းကင်မှမကျသဖြင့် ဣသရေလအမျိုးသားတို့သည်မန္နမုန့်ကို မစားရတော့ချေ။ ထိုအချိန်မှစ၍သူတို့ သည်ခါနာန်ပြည်ထွက်အသီးအနှံများကို စားရကြသည်။
13. ယောရှုသည်ယေရိခေါမြို့အနီးသို့ရောက်ရှိ လာစဉ် မိမိရှေ့တွင်ဋ္ဌားလွတ်ကိုင်သူတစ်ဦး ရပ်နေသည်ကိုရုတ်တရက်မြင်ရသည်။ ယောရှု သည်ထိုသူထံသို့ချဉ်းကပ်၍``သင်သည်ငါတို့ ဘက်တော်သားလော၊ ရန်သူလော'' ဟုမေး၏။
14. ထိုသူက``ဘက်တော်သားလည်းမဟုတ်၊ ရန်သူ လည်းမဟုတ်၊ ထာဝရဘုရား၏တပ်မှူးအ ဖြစ်ငါလာ၏'' ဟုဖြေကြား၏။ထိုအခါယောရှုသည်မြေပေါ်တွင်ပျပ်ဝပ်ရှိခိုး လျက်``အရှင်၊ ကိုယ်တော့်ကျွန်အားအမိန့်ရှိတော် မူပါ'' ဟုလျှောက်လေ၏။
15. ထာဝရဘုရား၏တပ်မှူးက``သင်၏ဖိနပ်ကို ချွတ်လော့။ သင်နင်းသောမြေသည်သန့်ရှင်းမြင့် မြတ်သောမြေဖြစ်၏'' ဟုဆိုလေ၏။ ထိုသူ အမိန့်ပေးသည်အတိုင်းယောရှုလိုက်နာ၏။