10. ယောရှုမှတစ်ဆင့်ထာဝရဘုရားမိန့်မှာ သမျှကို လူအပေါင်းတို့ဆောင်ရွက်ပြီးစီး သည်အထိ ယဇ်ပုရောဟိတ်တို့သည်ယော်ဒန် မြစ်လယ်တွင်ရပ်နေကြ၏။ ဤသို့ဆောင် ရွက်ရန်မောရှေမှာကြားခဲ့ခြင်းဖြစ်၏။လူတို့သည်လည်းမြစ်ကိုအလျင်အမြန် ဖြတ်ကူးကြ၏။-
11. သူတို့အားလုံးတစ်ဘက်ကမ်းသို့ရောက်ရှိ ကြသောအခါ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်၍လူတို့ရှေ့ကသွားကြ သည်။-
12. ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်မနာရှေအနွယ်တစ် ဝက်တို့သည်မောရှေမှာကြားခဲ့သည့်အတိုင်း အခြားဣသရေလအမျိုးသားတို့ရှေ့က လက်နက်စွဲကိုင်၍ချီတက်ကြသည်။-
13. သူတို့သည်လူအင်အားလေးသောင်းခန့်ရှိ၍ တိုက်ပွဲဝင်ရန် ထာဝရဘုရား၏ရှေ့တော်၌ မြစ်ကိုဖြတ်လျက် ယေရိခေါမြို့အနီးရှိ လွင်ပြင်သို့ချီတက်ကြလေသည်။-
14. ထိုနေ့၌ထာဝရဘုရားပြုတော်မူသော အမှုကြောင့် ဣသရေလအမျိုးသားတို့သည် ယောရှုအားခေါင်းဆောင်ကြီးအဖြစ်ရိုသေ လေးစားကြ၏။ သူတို့သည်မောရှေကိုရိုသေ လေးစားသည့်နည်းတူယောရှုကိုလည်း သူ အသက်ရှင်သမျှကာလပတ်လုံးရိုသေ လေးစားကြ၏။