13. သူတို့သည်လူအင်အားလေးသောင်းခန့်ရှိ၍ တိုက်ပွဲဝင်ရန် ထာဝရဘုရား၏ရှေ့တော်၌ မြစ်ကိုဖြတ်လျက် ယေရိခေါမြို့အနီးရှိ လွင်ပြင်သို့ချီတက်ကြလေသည်။-
14. ထိုနေ့၌ထာဝရဘုရားပြုတော်မူသော အမှုကြောင့် ဣသရေလအမျိုးသားတို့သည် ယောရှုအားခေါင်းဆောင်ကြီးအဖြစ်ရိုသေ လေးစားကြ၏။ သူတို့သည်မောရှေကိုရိုသေ လေးစားသည့်နည်းတူယောရှုကိုလည်း သူ အသက်ရှင်သမျှကာလပတ်လုံးရိုသေ လေးစားကြ၏။
15-16. ထိုနောက်ထာဝရဘုရားသည်ပဋိညာဉ် သေတ္တာတော်ကို ပင့်ဆောင်သောယဇ်ပုရော ဟိတ်များယော်ဒန်မြစ်ထဲမှတက်လာရန် ယောရှုအားဆင့်ဆိုစေတော်မူ၏။-
17. ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ယောရှုဆင့်ဆိုလေ၏။-
18. ယဇ်ပုရောဟိတ်တို့သည်မြစ်ကမ်းပေါ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် မြစ်ရေသည်တစ် ဖန်စီးဆင်းသဖြင့်ကမ်းတစ်လျှောက်လုံး ရေပြည့်လျှံလာ၏။
19. လူအပေါင်းတို့သည်ပထမလဆယ်ရက်နေ့ ၌ယော်ဒန်မြစ်ကိုဖြတ်ကူးကြပြီးနောက် ယေရိခေါမြို့အရှေ့၊ ဂိလဂါလအရပ် ၌စခန်းချကြသည်။-
20. ယောရှုသည်ယော်ဒန်မြစ်တွင်းမှသယ်ယူခဲ့ သောကျောက်တုံးတစ်ဆယ့်နှစ်တုံးကိုထို အရပ်တွင်စိုက်ထူလေ၏။-
21. ထိုနောက်သူသည်ဣသရေလအမျိုးသား တို့အား``နောင်အခါ၌သင်တို့၏သားသမီး တို့ကဤကျောက်တုံးများသည် မည်သည့် အဋ္ဌိပ္ပါယ်ကိုဆောင်ပါသနည်းဟူ၍သင် တို့အားမေးမြန်းကြလျှင်၊-
22. သင်တို့ကဣသရေလအမျိုးသားတို့သည် ယော်ဒန်မြစ်ကိုခြောက်သွေ့သောမြေပေါ် ဖြတ်ကူးခဲ့ကြောင်းကိုပြောကြားလော့။-
23. သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ပင်လယ်နီကိုခြောက်သွေ့စေတော်မူသကဲ့သို့ ယော်ဒန်မြစ်ကိုသင်တို့ဖြတ်ကူးပြီးသည် တိုင်အောင်ခန်းခြောက်စေတော်မူကြောင်းပြော ကြားလော့။-
24. ဤအံ့ဖွယ်သောနိမိတ်လက္ခဏာကြောင့်ကမ္ဘာ ပေါ်ရှိလူအပေါင်းတို့သည် ထာဝရဘုရား ၏တန်ခိုးတော်ကြီးမားပုံကိုသိမြင်ကြ လိမ့်မည်။ သင်တို့သည်လည်းသင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲ ကြောက်ရွံ့ရိုသေကြလိမ့်မည်'' ဟုဆိုလေ ၏။