1. ဣသရေလလူမျိုးတစ်ရပ်လုံးယော်ဒန်မြစ် ကိုဖြတ်ကူးပြီးသောအခါ ထာဝရဘုရား သည်ယောရှုအား၊-
2. ``ဣသရေလတစ်နွယ်လျှင်တစ်ဦးကျဖြင့် တစ်ဆယ့်နှစ်ယောက်ကိုရွေးချယ်၍၊-
3. ယော်ဒန်မြစ်လယ်၊ ယဇ်ပုရောဟိတ်များရပ်တန့် ခဲ့သောနေရာမှ ကျောက်တုံးတစ်ဆယ့်နှစ်တုံး ကိုသယ်ယူစေလော့။ သင်တို့ယနေ့စခန်းချ ရာအရပ်တွင်ထိုကျောက်တုံးများကိုထား လော့'' ဟုမိန့်တော်မူ၏။
4. ထို့ကြောင့်ယောရှုသည်ရွေးချယ်ပြီးသောလူ တစ်ဆယ့်နှစ်ယောက်ကိုဆင့်ခေါ်၍၊-
5. ``သင်တို့သည်ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့က ယော်ဒန်မြစ်ထဲ သို့ဆင်းလော့။ ဣသရေလတစ်နွယ်စီအတွက် တစ်ဦးလျှင်ကျောက်တုံးတစ်တုံးကျသယ် ဆောင်ခဲ့ရမည်။-
6. ဤကျောက်တုံးများသည်ထာဝရဘုရား ပြုတော်မူသောအမှုတော်ကို လူတို့အား သတိရစေမည့်အထိမ်းအမှတ်ဖြစ်သည်။ နောင်အခါ၌သင်တို့၏သားသမီးများ က`ဤကျောက်တုံးများသည်မည်သည့်အဋ္ဌိပ္ပါယ် ကိုဆောင်ပါသနည်း' ဟုမေးမြန်းလျှင်၊-
15-16. ထိုနောက်ထာဝရဘုရားသည်ပဋိညာဉ် သေတ္တာတော်ကို ပင့်ဆောင်သောယဇ်ပုရော ဟိတ်များယော်ဒန်မြစ်ထဲမှတက်လာရန် ယောရှုအားဆင့်ဆိုစေတော်မူ၏။-