1. ဣသရေလလူမျိုးတစ်ရပ်လုံးယော်ဒန်မြစ် ကိုဖြတ်ကူးပြီးသောအခါ ထာဝရဘုရား သည်ယောရှုအား၊-
2. ``ဣသရေလတစ်နွယ်လျှင်တစ်ဦးကျဖြင့် တစ်ဆယ့်နှစ်ယောက်ကိုရွေးချယ်၍၊-
3. ယော်ဒန်မြစ်လယ်၊ ယဇ်ပုရောဟိတ်များရပ်တန့် ခဲ့သောနေရာမှ ကျောက်တုံးတစ်ဆယ့်နှစ်တုံး ကိုသယ်ယူစေလော့။ သင်တို့ယနေ့စခန်းချ ရာအရပ်တွင်ထိုကျောက်တုံးများကိုထား လော့'' ဟုမိန့်တော်မူ၏။
4. ထို့ကြောင့်ယောရှုသည်ရွေးချယ်ပြီးသောလူ တစ်ဆယ့်နှစ်ယောက်ကိုဆင့်ခေါ်၍၊-
5. ``သင်တို့သည်ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့က ယော်ဒန်မြစ်ထဲ သို့ဆင်းလော့။ ဣသရေလတစ်နွယ်စီအတွက် တစ်ဦးလျှင်ကျောက်တုံးတစ်တုံးကျသယ် ဆောင်ခဲ့ရမည်။-
6. ဤကျောက်တုံးများသည်ထာဝရဘုရား ပြုတော်မူသောအမှုတော်ကို လူတို့အား သတိရစေမည့်အထိမ်းအမှတ်ဖြစ်သည်။ နောင်အခါ၌သင်တို့၏သားသမီးများ က`ဤကျောက်တုံးများသည်မည်သည့်အဋ္ဌိပ္ပါယ် ကိုဆောင်ပါသနည်း' ဟုမေးမြန်းလျှင်၊-
7. သင်တို့ကထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ယော်ဒန်မြစ်ကိုဖြတ်ကူးစဉ်အခါက မြစ်ရေစီးရပ်တန့်သွားကြောင်းပြန်ပြောရ ကြမည်။ ဤကျောက်တုံးများသည်ဤအရပ် တွင်ဖြစ်ပျက်ခဲ့သမျှတို့ကိုဣသရေလ အမျိုးသားတို့အားအစဉ်သတိရစေ လိမ့်မည်'' ဟုဆို၏။
8. ထိုသူတို့သည်ယောရှုစေခိုင်းသမျှကို ဆောင်ရွက်ကြ၏။ ထာဝရဘုရားသည်ယောရှု အားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည် ဣသရေလတစ်နွယ်လျှင်ကျောက်တုံးတစ် တုံးကျဖြင့်ကျောက်တုံးတစ်ဆယ့်နှစ်တုံး ကို ယော်ဒန်မြစ်လယ်မှသယ်ဆောင်၍စခန်း တွင်း၌ချထားကြ၏။-
9. ယောရှုသည်ယော်ဒန်မြစ်လယ်တွင်ပဋိညာဉ် သေတ္တာတော်ကို ပင့်ဆောင်သောယဇ်ပုရောဟိတ် များရပ်သည့်နေရာ၌လည်း ကျောက်တုံးတစ် ဆယ့်နှစ်တုံးကိုစိုက်ထူထား၏။ (ထိုကျောက် တုံးများသည်ထိုနေရာတွင်ယနေ့တိုင် တည်ရှိ၏။-)
10. ယောရှုမှတစ်ဆင့်ထာဝရဘုရားမိန့်မှာ သမျှကို လူအပေါင်းတို့ဆောင်ရွက်ပြီးစီး သည်အထိ ယဇ်ပုရောဟိတ်တို့သည်ယော်ဒန် မြစ်လယ်တွင်ရပ်နေကြ၏။ ဤသို့ဆောင် ရွက်ရန်မောရှေမှာကြားခဲ့ခြင်းဖြစ်၏။လူတို့သည်လည်းမြစ်ကိုအလျင်အမြန် ဖြတ်ကူးကြ၏။-
11. သူတို့အားလုံးတစ်ဘက်ကမ်းသို့ရောက်ရှိ ကြသောအခါ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်၍လူတို့ရှေ့ကသွားကြ သည်။-