9. ထိုနောက်ယောရှုသည်လူအပေါင်းတို့အား``လာ ကြ၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှကိုနားထောင်ကြလော့။-
12. ယခုမူဣသရေလတစ်နွယ်လျှင်တစ်ဦး ကျဖြင့် လူတစ်ဆယ့်နှစ်ယောက်ကိုရွေး ချယ်ကြလော့။-
13. ကမ္ဘာမြေကြီးတစ်ခုလုံးကိုအစိုးရတော် မူသော ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်ကြသည့်ယဇ်ပုရောဟိတ် များသည် မြစ်ရေကိုနင်းမိသည်နှင့်တစ်ပြိုင် နက်မြစ်ညာမှစီးဆင်းလာသောရေသည် ရပ်တန့်၍တစ်နေရာတည်းတွင်ပင်စုပုံ လျက်ရှိလိမ့်မည်'' ဟုဆိုလေ၏။
16. ရေစီးရပ်တန့်၍မြစ်ညာဘက်အတန်ကွာ ဝေးသောနေရာ၌ တည်ရှိသည့်ဇာရတန် မြို့အနီးအာဒံမြို့၌ရေစုပုံလျက်ရှိလေ သည်။ ပင်လယ်သေထဲသို့စီးဆင်းသောမြစ် ရေသည်ပြတ်သွားသဖြင့် လူအပေါင်းတို့ သည်ယေရိခေါမြို့အနီးတစ်ဘက်ကမ်း သို့ဖြတ်ကူးနိုင်ကြလေသည်။-
17. လူအပေါင်းတို့လျှောက်၍ဖြတ်ကူးပြီးသည် တိုင်အောင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်သော ယဇ်ပုရောဟိတ်များ သည်ခြောက်သွေ့သောမြစ်လယ်တွင်ရပ်နေ ကြ၏။