ယော​ရှု 3:14-15-17 Common Language Bible (BCL)

2. သုံး​ရက်​လွန်​ပြီး​နောက်​ခေါင်း​ဆောင်​တို့​သည် စ​ခန်း​သို့​လှည့်​လည်​၍-

3. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယဇ်​ပု​ရော​ဟိတ်​များ ပင့်​ဆောင်​လာ​သည်​ကို​မြင်​လျှင် သင်​တို့​သည် စ​ခန်း​သိမ်း​၍​သူ​တို့​နောက်​သို့​လိုက်​ကြ​ရ မည်။-

4. သင်​တို့​သည်​ဤ​လမ်း​ကို​တစ်​ခါ​မျှ​မ​သွား ဘူး​သ​ဖြင့် သူ​တို့​က​လမ်း​ပြ​လိမ့်​မည်။ သို့ ရာ​တွင်​သင်​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် အ​နီး​သို့​မ​ချဉ်း​ကပ်​ရ။ သေတ္တာ​တော်​နောက် မှ​မိုင်​ဝက်​ခန့်​ခွာ​၍​လိုက်​ရ​ကြ​မည်'' ဟု လူ​အ​ပေါင်း​တို့​အား​မှာ​ကြား​လေ​၏။

5. ထို​နောက်​ယော​ရှု​က​လူ​တို့​အား``နက်​ဖြန် နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား အံ့​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​တော်​မူ မည်​ဖြစ်​၍ သင်​တို့​ကိုယ်​ကို​သန့်​စင်​စေ​ကြ လော့'' ဟု​ညွှန်​ကြား​လေ​၏။-

6. ထို​နောက်​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​၍ လူ​ထု ရှေ့​က​ချီ​တက်​ရန်​စေ​ခိုင်း​သည့်​အ​တိုင်း​သူ တို့​သည်​ချီ​တက်​သွား​ကြ​၏။

7. ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှေ့​တွင် ယ​နေ့​မှ​စ​၍​သင့်​အား ငါ​ချီး​မြှောက်​မည်။ ငါ​သည်​မော​ရှေ​နှင့်​အ​တူ ရှိ​သ​ကဲ့​သို့​သင်​နှင့်​အ​တူ​ရှိ​ကြောင်း​သူ​တို့ သိ​ရ​ကြ​လိမ့်​မည်။-

8. ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ​သော ယဇ်​ပု​ရော​ဟိတ်​များ​သည်​မြစ်​ကမ်း​စပ်​သို့ ရောက်​သော​အ​ခါ သူ​တို့​ကို​ရေ​ထဲ​၌​ရပ်​နေ ရန်​မှာ​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

9. ထို​နောက်​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``လာ ကြ၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​ကို​နား​ထောင်​ကြ​လော့။-

14-15. ထို​အ​ချိန်​အ​ခါ​သည်​စပါး​ရိတ်​သိမ်း​ချိန် ဖြစ်​သည်။ မြစ်​ရေ​လျှံ​ချိန်​လည်း​ဖြစ်​သည်။လူ​တို့​သည်​ယော်ဒန်​မြစ်​ကို​ဖြတ်​ကူး​ရန်​စ​ခန်း မှ​ထွက်​ခွာ​လာ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ် များ​သည်​သူ​တို့​ရှေ့​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ သည်​မြစ်​ထဲ​သို့​ဆင်း​မိ​သည်​နှင့်​တစ်​ပြိုင်​နက်၊-

16. ရေ​စီး​ရပ်​တန့်​၍​မြစ်​ညာ​ဘက်​အ​တန်​ကွာ ဝေး​သော​နေ​ရာ​၌ တည်​ရှိ​သည့်​ဇာ​ရ​တန် မြို့​အ​နီး​အာ​ဒံ​မြို့​၌​ရေ​စု​ပုံ​လျက်​ရှိ​လေ သည်။ ပင်​လယ်​သေ​ထဲ​သို့​စီး​ဆင်း​သော​မြစ် ရေ​သည်​ပြတ်​သွား​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​တစ်​ဘက်​ကမ်း သို့​ဖြတ်​ကူး​နိုင်​ကြ​လေ​သည်။-

17. လူ​အ​ပေါင်း​တို့​လျှောက်​၍​ဖြတ်​ကူး​ပြီး​သည် တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​များ သည်​ခြောက်​သွေ့​သော​မြစ်​လယ်​တွင်​ရပ်​နေ ကြ​၏။

ယော​ရှု 3