32. ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှယူဆောင်ခဲ့သောယောသပ်၏အရိုး များကို ရှေခင်၏ဖခင်ဟာမော်၏သားများ ထံမှယာကုပ်ငွေတစ်ရာဖြင့်ဝယ်သော ရှေခင် မြို့ရှိမြေကွက်တွင်မြှုပ်နှံကြလေသည်။ ဤ မြေကွက်သည်ယောသပ်၏အဆက်အနွယ် များဆက်ခံရရှိသောမြေကွက်ဖြစ်သည်။
33. အာရုန်၏သားဧလာဇာသည်လည်းအနိစ္စ ရောက်သဖြင့် သူ၏အလောင်းကိုသူ၏သား ဖိနဟတ်အားပေးထားသောဧဖရိမ်တောင် ကုန်းဒေသရှိဂစ်ဗီအာမြို့တွင်သင်္ဂြိုဟ်ကြ လေသည်။ ယောရှုမှတ်စာပြီး၏။