7. သင်တို့တွင်ကျန်ရှိနေသေးသောလူမျိုးများ နှင့်ပေါင်းဖော်ဆက်ဆံခြင်းမပြုမိစေရန် သော်လည်းကောင်း၊ သူတို့ဘုရားများ၏အ မည်နာမများကိုထုတ်ဖော်ပြောဆိုခြင်း၊ ထို ဘုရားများကိုတိုင်တည်၍ကျိန်ဆိုခြင်း၊ ဦး ချဝတ်ပြုခြင်းတို့ကိုမပြုမိစေရန်သော် လည်းကောင်းသတိပြုရမည်။-
8. သင်တို့သည်ယနေ့အထိထာဝရဘုရား ၏သစ္စာတော်ကိုစောင့်ထိန်းသကဲ့သို့ဆက် လက်စောင့်ထိန်းကြလော့။-
9. သင်တို့စစ်ချီတိုက်ခိုက်စဉ်အခါကထာဝရ ဘုရားသည် အင်အားကြီးသောလူမျိုးတို့ကို နှင်ထုတ်ခဲ့သဖြင့်မည်သူမျှသင်တို့အား ခုခံနိုင်စွမ်းမရှိခဲ့ချေ။-
10. သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်ကတိတော်ရှိသည်အတိုင်း သင်တို့ အတွက်စစ်တိုက်တော်မူသဖြင့်သင်တို့ အထဲမှသူရဲတစ်ယောက်က ရန်သူတစ် ထောင်ကိုကစဥ့်ကလျားထွက်ပြေးစေ နိုင်၏။-
11. သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်မြတ်နိုးရန်သတိမူကြ လော့။-
12. သင်တို့သည်သစ္စာဖောက်၍သင်တို့တွင်ကျန် ရှိနေသေးသော အခြားလူမျိုးများနှင့် ပေါင်းဖက်အိမ်ထောင်ဖက်ပြုကြလျှင်၊-
13. သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်သင်တို့ချီတက်တိုက်ခိုက်သောအခါ ထိုလူမျိုးများကိုနှင်ထုတ်ပေးတော့မည် မဟုတ်ကြောင်းသိမှတ်ကြလော့။ ထိုလူမျိုး များသည်သင်တို့အတွက်ကျော့ကွင်းသို့ မဟုတ်ထောင်ချောက်၊ သင်တို့၏ကျောပေါ် သို့ကျသောကြာပွတ်သို့မဟုတ် မျက်စိကို စူးသောဆူးသဖွယ်ဖြစ်လိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးသနား တော်မူသော ဤသာယာသောပြည်တွင်သင် တို့တစ်ယောက်မကျန်သေကြေပျက်စီး သည့်တိုင်အောင်ထိုလူမျိုးတို့သည်သင် တို့အားအန္တရာယ်ပြုကြလိမ့်မည်။
14. ငါမူကားစုတေရမည့်အချိန်နီးလာပြီ။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည်ကတိ တော်ရှိသည်အတိုင်း သင်တို့အတွက်ကောင်းချီး မင်္ဂလာရှိသမျှကိုချပေးတော်မူခဲ့သည်ဟု သင်တို့စိတ်အတွင်း၌ခံစားရကြ၏။ ကိုယ်တော် သည်ကတိတော်ရှိသမျှအကောင်အထည်ပေါ် စေခဲ့လေပြီ။ အကောင်အထည်မပေါ်သည့် ကတိတော်ဟူ၍တစ်ခုမျှမရှိ။-
15. ကိုယ်တော်သည်ကတိတော်ရှိသည်အတိုင်းသင် တို့အား ကောင်းချီးမင်္ဂလာကိုချပေးတော်မူသည် မှန်သော်လည်း ကိုယ်တော်စကားကိုနားမထောင် လျှင်မူကား သင်တို့အပေါ်သို့ဘေးဒုက္ခအပေါင်း တို့ကိုကျရောက်စေတော်မူလိမ့်မည်။-