ယော​ရှု 23:6-16 Common Language Bible (BCL)

6. သို့​ဖြစ်​၍​သင်​တို့​သည်​မော​ရှေ​၏​ပညတ်​ကျမ်း တွင်​ပါ​ရှိ​သ​မျှ​သော​ပ​ညတ်​များ​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ရန်​သ​တိ ပြု​ကြ​လော့။-

7. သင်​တို့​တွင်​ကျန်​ရှိ​နေ​သေး​သော​လူ​မျိုး​များ နှင့်​ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​မ​ပြု​မိ​စေ​ရန် သော်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​၏​အ မည်​နာ​မ​များ​ကို​ထုတ်​ဖော်​ပြော​ဆို​ခြင်း၊ ထို ဘု​ရား​များ​ကို​တိုင်​တည်​၍​ကျိန်​ဆို​ခြင်း၊ ဦး ချ​ဝတ်​ပြု​ခြင်း​တို့​ကို​မ​ပြု​မိ​စေ​ရန်​သော် လည်း​ကောင်း​သ​တိ​ပြု​ရ​မည်။-

8. သင်​တို့​သည်​ယ​နေ့​အ​ထိ​ထာ​ဝ​ရ​ဘု​ရား ၏​သစ္စာ​တော်​ကို​စောင့်​ထိန်း​သ​ကဲ့​သို့​ဆက် လက်​စောင့်​ထိန်း​ကြ​လော့။-

9. သင်​တို့​စစ်​ချီ​တိုက်​ခိုက်​စဉ်​အ​ခါ​က​ထာ​ဝ​ရ ဘု​ရား​သည် အင်​အား​ကြီး​သော​လူ​မျိုး​တို့​ကို နှင်​ထုတ်​ခဲ့​သ​ဖြင့်​မည်​သူ​မျှ​သင်​တို့​အား ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ခဲ့​ချေ။-

10. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့ အ​တွက်​စစ်​တိုက်​တော်​မူ​သ​ဖြင့်​သင်​တို့ အ​ထဲ​မှ​သူ​ရဲ​တစ်​ယောက်​က ရန်​သူ​တစ် ထောင်​ကို​က​စဥ့်​က​လျား​ထွက်​ပြေး​စေ နိုင်​၏။-

11. သို့​ဖြစ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ချစ်​မြတ်​နိုး​ရန်​သ​တိ​မူ​ကြ လော့။-

12. သင်​တို့​သည်​သစ္စာ​ဖောက်​၍​သင်​တို့​တွင်​ကျန် ရှိ​နေ​သေး​သော အ​ခြား​လူ​မျိုး​များ​နှင့် ပေါင်း​ဖက်​အိမ်​ထောင်​ဖက်​ပြု​ကြ​လျှင်၊-

13. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​ချီ​တက်​တိုက်​ခိုက်​သော​အ​ခါ ထို​လူ​မျိုး​များ​ကို​နှင်​ထုတ်​ပေး​တော့​မည် မ​ဟုတ်​ကြောင်း​သိ​မှတ်​ကြ​လော့။ ထို​လူ​မျိုး များ​သည်​သင်​တို့​အ​တွက်​ကျော့​ကွင်း​သို့ မ​ဟုတ်​ထောင်​ချောက်၊ သင်​တို့​၏​ကျော​ပေါ် သို့​ကျ​သော​ကြာ​ပွတ်​သို့​မ​ဟုတ် မျက်​စိ​ကို စူး​သော​ဆူး​သ​ဖွယ်​ဖြစ်​လိမ့်​မည်။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော ဤ​သာ​ယာ​သော​ပြည်​တွင်​သင် တို့​တစ်​ယောက်​မ​ကျန်​သေ​ကြေ​ပျက်​စီး သည့်​တိုင်​အောင်​ထို​လူ​မျိုး​တို့​သည်​သင် တို့​အား​အန္တရာယ်​ပြု​ကြ​လိမ့်​မည်။

14. ငါ​မူ​ကား​စု​တေ​ရ​မည့်​အ​ချိန်​နီး​လာ​ပြီ။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ တော်​ရှိ​သည်​အ​တိုင်း သင်​တို့​အ​တွက်​ကောင်း​ချီး မင်္ဂ​လာ​ရှိ​သ​မျှ​ကို​ချ​ပေး​တော်​မူ​ခဲ့​သည်​ဟု သင်​တို့​စိတ်​အ​တွင်း​၌​ခံ​စား​ရ​ကြ​၏။ ကိုယ်​တော် သည်​ကတိ​တော်​ရှိ​သ​မျှ​အ​ကောင်​အ​ထည်​ပေါ် စေ​ခဲ့​လေ​ပြီ။ အ​ကောင်​အ​ထည်​မ​ပေါ်​သည့် ကတိ​တော်​ဟူ​၍​တစ်​ခု​မျှ​မ​ရှိ။-

15. ကိုယ်​တော်​သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း​သင် တို့​အား ကောင်း​ချီး​မင်္ဂလာ​ကို​ချ​ပေး​တော်​မူ​သည် မှန်​သော်​လည်း ကိုယ်​တော်​စ​ကား​ကို​နား​မ​ထောင် လျှင်​မူ​ကား သင်​တို့​အ​ပေါ်​သို့​ဘေး​ဒုက္ခ​အ​ပေါင်း တို့​ကို​ကျ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-

16. သင်​တို့​သည်​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သော်​လည်း မ​စောင့်​ထိန်း​ဘဲ​အ​ခြား သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လျှင် ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ပေး​သ​နား​တော်​မူ​သော​ဤ​သာ​ယာ​သော ပြည်​တွင်​သင်​တို့​တစ်​ယောက်​မ​ကျန်​သေ​ကြေ ပျက်​စီး​သည်​အ​ထိ သင်​တို့​အား​ဒဏ်​ခတ် တော်​မူ​လိမ့်​မည်'' ဟု​မိန့်​မှာ​လေ​၏။

ယော​ရှု 23