5. သင်တို့သည်သိမ်းယူရန်ကျန်ရှိနေသေးသော နိုင်ငံများသို့ချီတက်တိုက်ခိုက်သောအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် ထိုနိုင်ငံသားတို့ကိုသင်တို့ထံမှဆုတ် ခွာထွက်ပြေးစေတော်မူလိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏ကတိ တော်အတိုင်းသင်တို့သည်သူတို့၏နယ် မြေကိုသိမ်းပိုက်ကြလိမ့်မည်။-
6. သို့ဖြစ်၍သင်တို့သည်မောရှေ၏ပညတ်ကျမ်း တွင်ပါရှိသမျှသောပညတ်များကိုတစ် သဝေမတိမ်းလိုက်နာစောင့်ထိန်းရန်သတိ ပြုကြလော့။-
7. သင်တို့တွင်ကျန်ရှိနေသေးသောလူမျိုးများ နှင့်ပေါင်းဖော်ဆက်ဆံခြင်းမပြုမိစေရန် သော်လည်းကောင်း၊ သူတို့ဘုရားများ၏အ မည်နာမများကိုထုတ်ဖော်ပြောဆိုခြင်း၊ ထို ဘုရားများကိုတိုင်တည်၍ကျိန်ဆိုခြင်း၊ ဦး ချဝတ်ပြုခြင်းတို့ကိုမပြုမိစေရန်သော် လည်းကောင်းသတိပြုရမည်။-
8. သင်တို့သည်ယနေ့အထိထာဝရဘုရား ၏သစ္စာတော်ကိုစောင့်ထိန်းသကဲ့သို့ဆက် လက်စောင့်ထိန်းကြလော့။-
9. သင်တို့စစ်ချီတိုက်ခိုက်စဉ်အခါကထာဝရ ဘုရားသည် အင်အားကြီးသောလူမျိုးတို့ကို နှင်ထုတ်ခဲ့သဖြင့်မည်သူမျှသင်တို့အား ခုခံနိုင်စွမ်းမရှိခဲ့ချေ။-
10. သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်ကတိတော်ရှိသည်အတိုင်း သင်တို့ အတွက်စစ်တိုက်တော်မူသဖြင့်သင်တို့ အထဲမှသူရဲတစ်ယောက်က ရန်သူတစ် ထောင်ကိုကစဥ့်ကလျားထွက်ပြေးစေ နိုင်၏။-
11. သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်မြတ်နိုးရန်သတိမူကြ လော့။-