ယော​ရှု 22:25-28 Common Language Bible (BCL)

25. ကိုယ်​တော်​သည်​ရုဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင် များ​ဖြစ်​ကြ​သော​သင်​တို့​နှင့်​ငါ​တို့​ကို ယော်​ဒန်​မြစ်​အား​ဖြင့် ခွဲ​ခြား​ထား​တော်​မူ သည်။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မည် သို့​မျှ​မ​သက်​ဆိုင်' ဟု​ဆို​သ​ဖြင့်​သင်​တို့ ၏​အ​ဆက်​အ​နွယ်​တို့​သည် ငါ​တို့​၏​အ​ဆက် အ​နွယ်​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ကို​မ​ကိုး ကွယ်​ဘဲ​နေ​ရန်​တား​မြစ်​မည်​ကို​စိုး​ရိမ်​သော ကြောင့်​ယဇ်​ပလ္လင်​ကို​တည်​ရ​ခြင်း​ဖြစ်​ပါ​သည်။-

26. ငါ​တို့​သည်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ရ​ခြင်း မှာ ယဇ်​နှင့်​သ​ကာ​များ​ကို​မီး​ရှို့​ပူ​ဇော်​ရန် အ​တွက်​မ​ဟုတ်​ပါ။-

27. ငါ​တို့​၏​လူ​စု​အ​တွက်​သော်​လည်း​ကောင်း၊ သင် တို့​၏​လူ​စု​နှင့်​နောင်​လာ​နောက်​သား​များ​အ​တွက် သော်​လည်း​ကောင်း သက်​သေ​အ​ထိမ်း​အ​မှတ်​ဖြစ် စေ​ရန်​သာ​ဖြစ်​၏။ ငါ​တို့​သည်​ယဇ်​နှင့်​ပူ​ဇော် သကာ​များ​ကို​မီး​ရှို့​ရာ​သ​ကာ​မှ​စ​၍​သ​ကာ အ​မျိုး​မျိုး​ဖြင့် တဲ​တော်​ရှေ့​၌​သာ​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မည်​ဖြစ်​ကြောင်း ဤ​ယဇ်​ပလ္လင်​က​သက်​သေ​ဖြစ်​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​က ငါ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား`သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မည်​သို့​မျှ​မ​သက် ဆိုင်' ဟု​ပြော​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်​ပါ။-

28. အ​ကယ်​၍​ပြော​ခဲ့​သည်​ရှိ​သော်​ငါ​တို့​၏ အ​ဆက်​အ​နွယ်​တို့​က`ကြည့်​လော့၊ ငါ​တို့​၏ ဘိုး​ဘေး​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင် ကဲ့​သို့​သော​ယဇ်​ပလ္လင်​တစ်​ခု​ကို​တည်​ခဲ့​ကြ​၏။ ထို​ယဇ်​ပလ္လင်​သည်​မီး​ရှို့​ရာ​သကာ​အ​စ​ရှိ သော​သ​ကာ​များ​ကို​ပူ​ဇော်​ဆက်​သ​ရန် မ​ဟုတ်။ သင်​တို့​၏​လူ​စု​နှင့်​ငါ​တို့​၏​လူ​စု အ​တွက်​သက်​သေ​အ​ထိမ်း​အ​မှတ်​သာ​ဖြစ် သည်' ဟု​ပြန်​ပြော​နိုင်​လိမ့်​မည်​ဟူ​၍​ထင် မြင်​ယူ​ဆ​ပါ​သည်။-

ယော​ရှု 22