ယော​ရှု 22:13-19 Common Language Bible (BCL)

13. ထို​နောက်​သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ ဇာ​၏​သား ဖိ​န​ဟတ်​ကို​ဂိ​လဒ်​ပြည်​တွင်​ရှိ သော​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့် အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ထံ​သို့​စေ လွှတ်​ကြ​လေ​သည်။-

14. အ​နွယ်​တစ်​နွယ်​စီ​မှ​မိ​သား​စု​ခေါင်း​ဆောင် တစ်​ဦး​ကျ၊ စု​စု​ပေါင်း​အ​ကြီး​အ​ကဲ​ဆယ် ဦး​တို့​သည်​ဖိ​န​ဟတ်​နှင့်​အ​တူ​လိုက် ပါ​သွား​ကြ​၏။-

15. သူ​တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင် နှင့်​အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ရှိ​ရာ ဂိလဒ်​ပြည်​သို့​ရောက်​ရှိ​လာ​ကြ​၍၊-

16. ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တစ်​စု​လုံး​၏​ကိုယ် စား​သူ​တို့​အား ပြော​ကြား​သည်​မှာ``သင်​တို့​သည် အ​ဘယ်​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အား​ဆန့်​ကျင်​၍ ဤ​မိုက်​မဲ သော​အ​မှု​ကို​ပြု​ကြ​သ​နည်း။ သင်​တို့​သည် ဤ​ယဇ်​ပလ္လင်​ကို​တည်​ခြင်း​အား​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပုန်​ကန်​ကြ​ပြီ။ ကိုယ်​တော်​ကို ပစ်​ပယ်​ကြ​ပြီ​တ​ကား။-

17. ပေ​ဂု​ရ​အ​ရပ်​တွင်​ငါ​တို့​လွန်​ကူး​သော အ​ပြစ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏ လူ​မျိုး​တော်​အား​ကပ်​ရော​ဂါ​ဘေး​သင့်​စေ တော်​မူ​သည်​မ​ဟုတ်​လော။ ထို​အ​ပြစ်​၏​ဆိုး ကျိုး​ကို​ငါ​တို့​သည်​ခံ​နေ​ရ​ဆဲ​ဖြစ်​သည် မ​ဟုတ်​လော။ ထို​အ​ပြစ်​မျိုး​ကို​ထပ်​မံ ကူး​လွန်​ကြ​ဦး​မည်​လော။-

18. ကိုယ်​တော်​ကို​ယ​ခု​ပစ်​ပယ်​ကြ​မည်​လော။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယ​နေ့​ပုန်​ကန် လျှင်​နက်​ဖြန်​နေ့​၌​ကိုယ်​တော်​သည် ဣ​သ​ရေ​လ တစ်​မျိုး​သား​လုံး​ကို​အ​မျက်​ထွက်​တော်​မူ လိမ့်​မည်။-

19. သို့​ဖြစ်​၍​သင်​တို့​၏​ပြည်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ရန်​မ​သင့်​လျော်​လျှင် တဲ​တော်​ရှိ ရာ​ပြည်​တော်​သို့​ကူး​လာ​၍​သင်​တို့​နေ​ထိုင် ရန်​နယ်​မြေ​ကို​ငါ​တို့​ထံ​မှ​တောင်း​ယူ​ကြ လော့။ သို့​ရာ​တွင်​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​မှ​လွဲ​၍​အ​ခြား ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ခြင်း​အား​ဖြင့် ကိုယ် တော်​ကို​မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ထို​ပုန်​ကန် မှု​တွင်​ငါ​တို့​မ​ပါ​ဝင်​ပါ​ရ​စေ​နှင့်။-

ယော​ရှု 22