10. ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့်အရှေ့ မနာရှေအနွယ်ဝင်တို့သည်ယော်ဒန်မြစ် အနောက်ဘက် ဂဲလိလော့အရပ်သို့ရောက်ရှိကြသောအခါ မြစ်အနီးတွင်ကြီးကျယ်ခမ်းနားသောယဇ် ပလ္လင်ကိုတည်ဆောက်ကြ၏။-
11-12. အခြားဣသရေလအမျိုးသားတို့သည် မိမိတို့ပိုင်နက်ဖြစ်သောယော်ဒန်မြစ်အနောက် ဘက်ဂဲလိလော့အရပ်၌ရုဗင်အနွယ်ဝင်၊ ဂဒ် အနွယ်ဝင်နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ က ယဇ်ပလ္လင်တည်ကြသည့်သတင်းကိုကြား ရသောအခါ အရှေ့အနွယ်ဝင်တို့အားစစ် ချီတိုက်ခိုက်ရန်ရှိလောမြို့သို့စုရုံးရောက် ရှိလာကြ၏။
13. ထိုနောက်သူတို့သည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်ကိုဂိလဒ်ပြည်တွင်ရှိ သောရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့မနာရှေအနွယ်ဝင်တို့ထံသို့စေ လွှတ်ကြလေသည်။-
14. အနွယ်တစ်နွယ်စီမှမိသားစုခေါင်းဆောင် တစ်ဦးကျ၊ စုစုပေါင်းအကြီးအကဲဆယ် ဦးတို့သည်ဖိနဟတ်နှင့်အတူလိုက် ပါသွားကြ၏။-
15. သူတို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်ရှိလာကြ၍၊-
16. ထာဝရဘုရား၏လူစုတစ်စုလုံး၏ကိုယ် စားသူတို့အား ပြောကြားသည်မှာ``သင်တို့သည် အဘယ်ကြောင့်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားဆန့်ကျင်၍ ဤမိုက်မဲ သောအမှုကိုပြုကြသနည်း။ သင်တို့သည် ဤယဇ်ပလ္လင်ကိုတည်ခြင်းအားဖြင့် ထာဝရ ဘုရားအားပုန်ကန်ကြပြီ။ ကိုယ်တော်ကို ပစ်ပယ်ကြပြီတကား။-
17. ပေဂုရအရပ်တွင်ငါတို့လွန်ကူးသော အပြစ်ကြောင့်ထာဝရဘုရားသည် မိမိ၏ လူမျိုးတော်အားကပ်ရောဂါဘေးသင့်စေ တော်မူသည်မဟုတ်လော။ ထိုအပြစ်၏ဆိုး ကျိုးကိုငါတို့သည်ခံနေရဆဲဖြစ်သည် မဟုတ်လော။ ထိုအပြစ်မျိုးကိုထပ်မံ ကူးလွန်ကြဦးမည်လော။-