ယော​ရှု 22:1-4 Common Language Bible (BCL)

1. ထို​နောက်​ယော​ရှု​သည်​ရု​ဗင်၊ ဂဒ်​နှင့်​အ​ရှေ့ ဘက်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ကို​ဆင့်​ခေါ် ပြီး​လျှင်၊-

2. ``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​မိန့်​မှာ​သ​မျှ​ကို​ဆောင်​ရွက်​၍ ငါ​၏ အ​မိန့်​အား​လုံး​ကို​လည်း​လိုက်​နာ​ခဲ့​ကြ ပြီ။-

3. သင်​တို့​သည်​ယ​နေ့​တိုင်​အောင်​ဣ​သ​ရေ​လ အ​မျိုး​သား​ချင်း​တို့​ကို​သစ္စာ​ရှိ​ရှိ​ဖြင့်​ကူ​ညီ ခဲ့​ကြ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​ခဲ့​ကြ​ပြီ။-

4. ယ​ခု​မှာ​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့ ၏​အ​မျိုး​သား​ချင်း​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​ရ​ကြ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သတ် မှတ်​ပေး​ခဲ့​သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​သင်​တို့​ပိုင်​နယ်​မြေ​သို့​ပြန်​ကြ​လော့။-

11-12. အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ပိုင်​နက်​ဖြစ်​သော​ယော်​ဒန်​မြစ်​အ​နောက် ဘက်​ဂဲ​လိ​လော့​အ​ရပ်​၌​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ် အ​နွယ်​ဝင်​နှင့်​အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့ က ယဇ်​ပလ္လင်​တည်​ကြ​သည့်​သ​တင်း​ကို​ကြား ရ​သော​အ​ခါ အ​ရှေ့​အ​နွယ်​ဝင်​တို့​အား​စစ် ချီ​တိုက်​ခိုက်​ရန်​ရှိ​လော​မြို့​သို့​စု​ရုံး​ရောက် ရှိ​လာ​ကြ​၏။

ယော​ရှု 22