ယော​ရှု 22:1-10 Common Language Bible (BCL)

1. ထို​နောက်​ယော​ရှု​သည်​ရု​ဗင်၊ ဂဒ်​နှင့်​အ​ရှေ့ ဘက်​မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ကို​ဆင့်​ခေါ် ပြီး​လျှင်၊-

2. ``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​မိန့်​မှာ​သ​မျှ​ကို​ဆောင်​ရွက်​၍ ငါ​၏ အ​မိန့်​အား​လုံး​ကို​လည်း​လိုက်​နာ​ခဲ့​ကြ ပြီ။-

3. သင်​တို့​သည်​ယ​နေ့​တိုင်​အောင်​ဣ​သ​ရေ​လ အ​မျိုး​သား​ချင်း​တို့​ကို​သစ္စာ​ရှိ​ရှိ​ဖြင့်​ကူ​ညီ ခဲ့​ကြ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​ခဲ့​ကြ​ပြီ။-

4. ယ​ခု​မှာ​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့ ၏​အ​မျိုး​သား​ချင်း​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​ရ​ကြ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သတ် မှတ်​ပေး​ခဲ့​သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​သင်​တို့​ပိုင်​နယ်​မြေ​သို့​ပြန်​ကြ​လော့။-

5. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ကြ​လော့။ ကိုယ်​တော်​၏​ပညတ်​တော်​များ ကို​စောင့်​ထိန်း​လော့။ အ​လို​တော်​အ​တိုင်း​ကျင့် ၍​ကိုယ်​တော်​၏​သစ္စာ​ကို​စောင့်​ကြ​လော့။ အ​မှု တော်​ကို​ကိုယ်​စွမ်း၊ စိတ်​စွမ်း​ရှိ​သ​မျှ​ဖြင့် ဆောင်​ရွက်​ကြ​လော့​ဟူ​၍ မော​ရှေ​မိန့်​မှာ​ခဲ့ သည့်​အ​တိုင်း​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ လော့'' ဟု​မှာ​ကြား​လေ​၏။-

9. ထို့​ကြောင့်​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​အ​ရှေ့ မ​နာ​ရှေ​အ​နွယ်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့ ပြန်​သွား​ကြ​၏။ သူ​တို့​သည်​ခါ​နာန်​ပြည်၊ ရှိ​လော​မြို့​တွင်​ရှိ​သော​ကျန်​အ​ခြား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ထွက်​ခွာ​၍ မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သည့်​အ​မိန့်​အ​ရ သူ​တို့​သိမ်း​ပိုက် ပြီး​သော​ဂိ​လဒ်​ပြည်​သို့​ပြန်​သွား​ကြ​၏။

10. ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့်​အ​ရှေ့ မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​သည်​ယော်​ဒန်​မြစ် အ​နောက်​ဘက် ဂဲ​လိ​လော့​အ​ရပ်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မြစ်​အ​နီး​တွင်​ကြီး​ကျယ်​ခမ်း​နား​သော​ယဇ် ပလ္လင်​ကို​တည်​ဆောက်​ကြ​၏။-

ယော​ရှု 22