ယော​ရှု 21:6-22 Common Language Bible (BCL)

6. ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် သုံး​မြို့​ကို​ဣ​သ​ခါ​နယ်​မြေ၊ အာ​ရှာ​နယ်​မြေ၊ န​ဿ​လိ​နယ်​မြေ၊ အ​ရှေ့​မ​နာ​ရှေ​နယ်​မြေ​ထဲ မှ​သတ်​မှတ်​ပေး​ကြ​သည်။

7. မေ​ရာ​ရိ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် နှစ်​မြို့​ကို​ရု​ဗင်​နယ်​မြေ၊ ဂဒ်​နယ်​မြေ၊ ဇာ​ဗု​လုန် နယ်​မြေ​ထဲ​မှ​သတ်​မှတ်​ပေး​ကြ​လေ​သည်။

8. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည့်​အ​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​မဲ​ချ ၍​ဤ​မြို့​များ​နှင့်​စား​ကျက်​များ​ကို​လေဝိ အ​နွယ်​ဝင်​တို့​အ​တွက်​သတ်​မှတ်​ပေး​လေ​သည်။

11. ယု​ဒ​နယ်​မြေ​တောင်​ကုန်း​ဒေ​သ​ရှိ​ယ​ခု​အ​ခါ ဟေ​ဗြုန်​မြို့​ဟု​နာ​မည်​တွင်​သော​အာ​ဘ​မြို့(အာ​ဘ သည်​အာ​န​က​၏​အ​ဖ​ဖြစ်​၏) နှင့်​တ​ကွ​ပတ်​ဝန်း ကျင်​ရှိ​စား​ကျက်​များ​ကို​သူ​တို့​အား​ပေး​ကြ​၏။-

12. သို့​ရာ​တွင်​မြို့​ပတ်​ဝန်း​ကျင်​ရှိ​လယ်​ကွင်း​များ နှင့် ကျေး​ရွာ​များ​ကို​ယေ​ဖုန္နာ​၏​သား​ကာ​လက် အား​အ​ပိုင်​ပေး​ခဲ့​ပြီး​ဖြစ်​သည်။-

13. အာ​ရုန်​၏​သား​မြေး​တို့​အား​သတ်​မှတ်​ပေး သော​မြို့​များ​မှာ​ဟေ​ဗြုန်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့) အ​ပြင်​လိ​ဗ​န​မြို့၊-

16. အ​ဣ​န​မြို့၊ ယုတ္တ​မြို့၊ ဗက်​ရှေ​မက်​မြို့​များ​နှင့်​တ​ကွ ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ဖြစ်​၏။ ဖော်​ပြ​ပါ​ကိုး​မြို့​တို့​ကို​ယု​ဒ​ပြည်​နယ်​နှင့် ရှိ​မောင်​ပြည်​နယ်​တို့​မှ​သတ်​မှတ်​ပေး​ခြင်း​ဖြစ်​၏။

17. ဗင်္ယာ​မိန်​၏​နယ်​မြေ​မှ​သူ​တို့​အား​ဂိ​ဗောင်​မြို့၊ ဂေ​ဗ​မြို့၊-

18. အာ​န​သုတ်​မြို့၊ အာ​လ​မုန်​မြို့​စ​သည့်​မြို့​လေး မြို့​နှင့်​တ​ကွ ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​များ​ကို​သတ်​မှတ်​ပေး​လေ​သည်။

19. သို့​ဖြစ်​၍​အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယဇ်​ပု​ရော ဟိတ်​တို့​အား မြို့​ပေါင်း​တစ်​ဆယ်​သုံး​မြို့​နှင့်​ယင်း တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​သတ် မှတ်​ပေး​လေ​သည်။

20. လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​၏​ကျန်​သော​သား ချင်း​စု​တို့​အား ဧ​ဖ​ရိမ်​နယ်​မြေ​ထဲ​မှ​မြို့ အ​ချို့​ကို​သတ်​မှတ်​ပေး​သည်။-

21. သူ​တို့​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​တွင်​ရှိ သော​ရှေ​ခင်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့၊) ဂေ​ဇာ​မြို့၊-

22. ကိ​ဗ​ဇိမ်​မြို့၊ ဗေ​သော​ရုန်​မြို့​စ​သည့်​မြို့​လေး မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​ရ ရှိ​ကြ​သည်။-

ယော​ရှု 21