5. ကျန်ရှိနေသောကောဟတ်သားချင်းစုတို့ အတွက်မြို့ဆယ်မြို့ကိုဧဖရိမ်နယ်မြေ၊ ဒန် နယ်မြေ၊ အနောက်ဘက်မနာရှေနယ်မြေ ထဲမှသတ်မှတ်ပေးကြသည်။
6. ဂေရရှုံသားချင်းစုတို့အတွက်မြို့တစ်ဆယ့် သုံးမြို့ကိုဣသခါနယ်မြေ၊ အာရှာနယ်မြေ၊ နဿလိနယ်မြေ၊ အရှေ့မနာရှေနယ်မြေထဲ မှသတ်မှတ်ပေးကြသည်။
7. မေရာရိသားချင်းစုတို့အတွက်မြို့တစ်ဆယ့် နှစ်မြို့ကိုရုဗင်နယ်မြေ၊ ဂဒ်နယ်မြေ၊ ဇာဗုလုန် နယ်မြေထဲမှသတ်မှတ်ပေးကြလေသည်။
8. ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည့်အတိုင်းဣသရေလအမျိုး သားတို့သည်မဲချ ၍ဤမြို့များနှင့်စားကျက်များကိုလေဝိ အနွယ်ဝင်တို့အတွက်သတ်မှတ်ပေးလေသည်။
41-42. အချုပ်အားဖြင့်ဆိုသော်ဣသရေလအမျိုးသား တို့ပိုင်သောပြည်ထဲမှမြို့ပေါင်းလေးဆယ့်ရှစ်မြို့ နှင့်တကွ ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်ဝင်တို့အားခွဲဝေသတ်မှတ်ပေးကြ၏။
43. ဤကဲ့သို့ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထားတော်မူသောပြည်တစ်ပြည်လုံးကို သူတို့အားပေးတော်မူ၏။ သူတို့သည်ထိုပြည် ကိုသိမ်းပိုက်၍အခြေစိုက်နေထိုင်ကြလေ သည်။-
44. ထာဝရဘုရားသည်သူတို့၏ဘိုးဘေးတို့အား ကတိထားတော်မူသည့်အတိုင်းတစ်ပြည်လုံး တွင်ငြိမ်းချမ်းသာယာမှုရှိလေ၏။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့အား ရန်သူရှိသမျှတို့ကိုတိုက်ခိုက်အောင်မြင် စေတော်မူ၏။ မည်သည့်ရန်သူကမျှသူတို့ ကိုမခုခံနိုင်။-
45. ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ထားတော်မူသောကတိတော် ရှိသမျှအတိုင်းပြုတော်မူသတည်း။