ယော​ရှု 21:38-39-45 Common Language Bible (BCL)

4. လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​သား​ချင်း​စု​တို့ အ​တွက် မြို့​များ​ကို​ဦး​စွာ​ခွဲ​ဝေ​သတ်​မှတ် ပေး​ကြ​သည်။ ထို​သို့​ခွဲ​ဝေ​ပေး​ရာ​၌​ယဇ် ပု​ရော​ဟိတ်​အာ​ရုန်​မှ​ဆင်း​သက်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​အ​တွက် မြို့​တစ်​ဆယ့်​သုံး​မြို့ ကို​ယု​ဒ​နယ်​မြေ၊ ရှိ​မောင်​နယ်​မြေ၊ ဗင်္ယာ​မိန် နယ်​မြေ​ထဲ​မှ​သတ်​မှတ်​ပေး​ကြ​သည်။-

5. ကျန်​ရှိ​နေ​သော​ကော​ဟတ်​သား​ချင်း​စု​တို့ အ​တွက်​မြို့​ဆယ်​မြို့​ကို​ဧ​ဖ​ရိမ်​နယ်​မြေ၊ ဒန် နယ်​မြေ၊ အ​နောက်​ဘက်​မ​နာ​ရှေ​နယ်​မြေ ထဲ​မှ​သတ်​မှတ်​ပေး​ကြ​သည်။

6. ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် သုံး​မြို့​ကို​ဣ​သ​ခါ​နယ်​မြေ၊ အာ​ရှာ​နယ်​မြေ၊ န​ဿ​လိ​နယ်​မြေ၊ အ​ရှေ့​မ​နာ​ရှေ​နယ်​မြေ​ထဲ မှ​သတ်​မှတ်​ပေး​ကြ​သည်။

7. မေ​ရာ​ရိ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် နှစ်​မြို့​ကို​ရု​ဗင်​နယ်​မြေ၊ ဂဒ်​နယ်​မြေ၊ ဇာ​ဗု​လုန် နယ်​မြေ​ထဲ​မှ​သတ်​မှတ်​ပေး​ကြ​လေ​သည်။

8. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည့်​အ​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​မဲ​ချ ၍​ဤ​မြို့​များ​နှင့်​စား​ကျက်​များ​ကို​လေဝိ အ​နွယ်​ဝင်​တို့​အ​တွက်​သတ်​မှတ်​ပေး​လေ​သည်။

38-39. သူ​တို့​သည်​ဂဒ်​နယ်​မြေ​မှ​မြို့​လေး​မြို့​ကို​ရ​ရှိ ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက် များ​အ​ပါ​အ​ဝင်​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့(ခို လှုံ​ရာ​မြို့​တစ်​မြို့၊) မ​ဟာ​နိမ်​မြို့၊ ဟေ​ရှ​ဘုန်​မြို့၊ ယာ​ဇာ​မြို့​တို့​ဖြစ်​ကြ​၏။-

40. သို့​ဖြစ်​၍​မေ​ရာ​ရိ​သား​ချင်း​စု​သည်​မြို့​ပေါင်း တစ်​ဆယ့်​နှစ်​မြို့​ကို​ရ​ရှိ​ကြ​သည်။

41-42. အ​ချုပ်​အား​ဖြင့်​ဆို​သော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ပိုင်​သော​ပြည်​ထဲ​မှ​မြို့​ပေါင်း​လေး​ဆယ့်​ရှစ်​မြို့ နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​ခွဲ​ဝေ​သတ်​မှတ်​ပေး​ကြ​၏။

43. ဤ​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု က​တိ​ထား​တော်​မူ​သော​ပြည်​တစ်​ပြည်​လုံး​ကို သူ​တို့​အား​ပေး​တော်​မူ​၏။ သူ​တို့​သည်​ထို​ပြည် ကို​သိမ်း​ပိုက်​၍​အ​ခြေ​စိုက်​နေ​ထိုင်​ကြ​လေ သည်။-

44. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘိုး​ဘေး​တို့​အား က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​တစ်​ပြည်​လုံး တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​လေ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ရန်​သူ​ရှိ​သ​မျှ​တို့​ကို​တိုက်​ခိုက်​အောင်​မြင် စေ​တော်​မူ​၏။ မည်​သည့်​ရန်​သူ​က​မျှ​သူ​တို့ ကို​မ​ခု​ခံ​နိုင်။-

45. ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထား​တော်​မူ​သော​က​တိ​တော် ရှိ​သ​မျှ​အ​တိုင်း​ပြု​တော်​မူ​သ​တည်း။

ယော​ရှု 21