ယော​ရှု 21:25-40 Common Language Bible (BCL)

25. သူ​တို့​သည်​အ​နောက်​မ​နာ​ရှေ​နယ်​မြေ​မှ​မြို့​နှစ် မြို့​ကို​ရ​ရှိ​ကြ​သည်။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင် ရှိ​စား​ကျက်​များ​အ​ပါ​အ​ဝင်​တာနက်​မြို့​နှင့် ဂါ​သ​ရိမ္မုန်​မြို့​များ​ဖြစ်​သည်။-

26. သို့​ဖြစ်​၍​ကျန်​သော​ကော​ဟတ်​သား​ချင်း​စု​သည် မြို့​ကြီး​စု​စု​ပေါင်း​ဆယ်​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ စား​ကျက်​များ​ကို​ရ​ရှိ​ကြ​လေ​သည်။

27. လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုံ​၏​သား​ချင်း​စု​တို့ သည်​အ​ရှေ့​မ​နာ​ရှေ​နယ်​မြေ​မှ​မြို့​နှစ်​မြို့ ကို​ရ​ရှိ​ကြ​၏။ ၎င်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ စား​ကျက်​များ​အ​ပါ​အ​ဝင်​ဗာ​ရှန်​ပြည်​ရှိ ဂေါ​လန်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့) နှင့်​ဗေ​ရှ တေ​ရ​မြို့​တို့​ဖြစ်​သည်။-

28. သူ​တို့​သည်​ဣ​သ​ခါ​နယ်​မြေ​မှ​မြို့​လေး​မြို့ ကို​ရ​ရှိ​ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ စား​ကျက်​များ​အ​ပါ​အ​ဝင်​ကိ​ရှုန်​မြို့၊ ဒါ ဗ​ရေ​မြို့၊-

29. ယာ​မုတ်​မြို့​နှင့်​အင်္ဂေန္နမ်​မြို့​တို့​ဖြစ်​ကြ​၏။-

30. သူ​တို့​သည်​အာ​ရှာ​နယ်​မြေ​ထဲ​မှ​မြို့​လေး​မြို့ ကို​ရ​ရှိ​ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​များ​အ​ပါ​အ​ဝင်​မိ​ရှ​လ​မြို့၊ အာ​ဗ​ဒုန် မြို့၊-

31. ဟေ​လ​ကတ်​မြို့​နှင့်​ရ​ဟော​ဘ​မြို့​တို့​ဖြစ်​ကြ​၏။-

32. သူ​တို့​သည်​န​ဿ​လိ​နယ်​မြေ​မှ​မြို့​သုံး​မြို့​ကို ရ​ရှိ​ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​များ​အ​ပါ​အ​ဝင်​ဂါ​လိ​လဲ​ပြည်​ရှိ ကေ​ဒေ​ရှ​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့၊) ဟမ္မုဒ္ဒေါ​မြို့၊ ကာ​တံ​မြို့​တို့​ဖြစ်​ကြ​၏။-

33. သို့​ဖြစ်​၍​ဂေ​ရ​ရှုံ​၏​သား​ချင်း​စု​သည်​မြို့ ပေါင်း​တစ်​ဆယ့်​သုံး​မြို့​နှင့် ယင်း​တို့​၏​ပတ်​ဝန်း ကျင်​ရှိ​စား​ကျက်​များ​ကို​ရ​ရှိ​ကြ​လေ​သည်။

34. ကျန်​ရှိ​နေ​သော​လေ​ဝိ​အ​နွယ်​ဝင်​ဖြစ်​သည့်​မေ​ရာ ရိ​သား​ချင်း​စု​တို့​သည် ဇာ​ဗု​လုန်​နယ်​မြေ​မှ​မြို့ လေး​မြို့​ကို​ရ​ရှိ​ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင် ရှိ​စား​ကျက်​များ​အ​ပါ​အ​ဝင်​ယော​က​နံ​မြို့၊ ကာ​တ​မြို့၊-

35. ဒိ​မ​န​မြို့၊ န​ဟာ​လာ​လ​မြို့​တို့​ဖြစ်​ကြ​၏။

36. သူ​တို့​သည်​ရုဗင်​နယ်​မြေ​မှ​မြို့​လေး​မြို့​ကို​ရ​ရှိ ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက် များ​အ​ပါ​အ​ဝင်​ဗေ​ဇာ​မြို့၊ ယ​ဟာ​ဇာ​မြို့၊-

37. ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့​တို့​ဖြစ်​ကြ​၏။

38-39. သူ​တို့​သည်​ဂဒ်​နယ်​မြေ​မှ​မြို့​လေး​မြို့​ကို​ရ​ရှိ ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက် များ​အ​ပါ​အ​ဝင်​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့(ခို လှုံ​ရာ​မြို့​တစ်​မြို့၊) မ​ဟာ​နိမ်​မြို့၊ ဟေ​ရှ​ဘုန်​မြို့၊ ယာ​ဇာ​မြို့​တို့​ဖြစ်​ကြ​၏။-

40. သို့​ဖြစ်​၍​မေ​ရာ​ရိ​သား​ချင်း​စု​သည်​မြို့​ပေါင်း တစ်​ဆယ့်​နှစ်​မြို့​ကို​ရ​ရှိ​ကြ​သည်။

ယော​ရှု 21