21. သူတို့သည်ဧဖရိမ်တောင်ကုန်းဒေသတွင်ရှိ သောရှေခင်မြို့(ခိုလှုံရာမြို့တစ်မြို့၊) ဂေဇာမြို့၊-
22. ကိဗဇိမ်မြို့၊ ဗေသောရုန်မြို့စသည့်မြို့လေး မြို့နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုရ ရှိကြသည်။-
23. သူတို့သည်ဒန်နယ်မြေထဲမှဧလတေက မြို့၊ ဂိဗ္ဗသုန်မြို့၊-
24. အာဇလုန်မြို့၊ ဂါသရိမ္မုန်မြို့ စသည့်မြို့လေး မြို့နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုရရှိ ကြသည်။-
25. သူတို့သည်အနောက်မနာရှေနယ်မြေမှမြို့နှစ် မြို့ကိုရရှိကြသည်။ ယင်းတို့မှာပတ်ဝန်းကျင် ရှိစားကျက်များအပါအဝင်တာနက်မြို့နှင့် ဂါသရိမ္မုန်မြို့များဖြစ်သည်။-
26. သို့ဖြစ်၍ကျန်သောကောဟတ်သားချင်းစုသည် မြို့ကြီးစုစုပေါင်းဆယ်မြို့နှင့်ပတ်ဝန်းကျင်ရှိ စားကျက်များကိုရရှိကြလေသည်။
27. လေဝိအနွယ်ဝင်ဂေရရှုံ၏သားချင်းစုတို့ သည်အရှေ့မနာရှေနယ်မြေမှမြို့နှစ်မြို့ ကိုရရှိကြ၏။ ၎င်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ဗာရှန်ပြည်ရှိ ဂေါလန်မြို့(ခိုလှုံရာမြို့တစ်မြို့) နှင့်ဗေရှ တေရမြို့တို့ဖြစ်သည်။-
28. သူတို့သည်ဣသခါနယ်မြေမှမြို့လေးမြို့ ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ကိရှုန်မြို့၊ ဒါ ဗရေမြို့၊-
29. ယာမုတ်မြို့နှင့်အင်္ဂေန္နမ်မြို့တို့ဖြစ်ကြ၏။-
30. သူတို့သည်အာရှာနယ်မြေထဲမှမြို့လေးမြို့ ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစား ကျက်များအပါအဝင်မိရှလမြို့၊ အာဗဒုန် မြို့၊-
31. ဟေလကတ်မြို့နှင့်ရဟောဘမြို့တို့ဖြစ်ကြ၏။-
32. သူတို့သည်နဿလိနယ်မြေမှမြို့သုံးမြို့ကို ရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစား ကျက်များအပါအဝင်ဂါလိလဲပြည်ရှိ ကေဒေရှမြို့(ခိုလှုံရာမြို့တစ်မြို့၊) ဟမ္မုဒ္ဒေါမြို့၊ ကာတံမြို့တို့ဖြစ်ကြ၏။-
33. သို့ဖြစ်၍ဂေရရှုံ၏သားချင်းစုသည်မြို့ ပေါင်းတစ်ဆယ့်သုံးမြို့နှင့် ယင်းတို့၏ပတ်ဝန်း ကျင်ရှိစားကျက်များကိုရရှိကြလေသည်။
34. ကျန်ရှိနေသောလေဝိအနွယ်ဝင်ဖြစ်သည့်မေရာ ရိသားချင်းစုတို့သည် ဇာဗုလုန်နယ်မြေမှမြို့ လေးမြို့ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင် ရှိစားကျက်များအပါအဝင်ယောကနံမြို့၊ ကာတမြို့၊-
35. ဒိမနမြို့၊ နဟာလာလမြို့တို့ဖြစ်ကြ၏။
36. သူတို့သည်ရုဗင်နယ်မြေမှမြို့လေးမြို့ကိုရရှိ ကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစားကျက် များအပါအဝင်ဗေဇာမြို့၊ ယဟာဇာမြို့၊-
37. ကေဒမုတ်မြို့၊ မေဖတ်မြို့တို့ဖြစ်ကြ၏။