ယော​ရှု 21:1-2-12 Common Language Bible (BCL)

1-2. လေဝိ​အ​နွယ်​မိ​သား​စု​ခေါင်း​ဆောင်​တို့​သည် ခါ​နာန်​ပြည်၊ ရှိ​လော​မြို့​နေ​ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု​နှင့်​ဣ​သ​ရေ​လ အ​နွယ်​အ​ပေါင်း​တို့​၏​မိ​သား​စု​အ​ကြီး​အ​ကဲ တို့​ထံ​သို့​ချဉ်း​ကပ်​၍``ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နေ​ထိုင်​ရန်​မြို့​များ​နှင့်​အ​ကျွန်ုပ် တို့​၏​သိုး​နွား​များ​အ​တွက် ယင်း​မြို့​များ​ပတ် ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​သတ်​မှတ်​ပေး ရ​မည်​ဟူ​၍ မော​ရှေ​မှ​တစ်​ဆင့်​မိန့်​မှာ​တော် မူ​ခဲ့​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။-

3. ထို့​ကြောင့်​ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မိ​မိ​တို့​ရ​ရှိ​သော​နယ်​မြေ​ထဲ​မှ​မြို့​များ နှင့်​စား​ကျက်​များ​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့ အား​ခွဲ​ဝေ​သတ်​မှတ်​ပေး​ကြ​လေ​သည်။

4. လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​သား​ချင်း​စု​တို့ အ​တွက် မြို့​များ​ကို​ဦး​စွာ​ခွဲ​ဝေ​သတ်​မှတ် ပေး​ကြ​သည်။ ထို​သို့​ခွဲ​ဝေ​ပေး​ရာ​၌​ယဇ် ပု​ရော​ဟိတ်​အာ​ရုန်​မှ​ဆင်း​သက်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​အ​တွက် မြို့​တစ်​ဆယ့်​သုံး​မြို့ ကို​ယု​ဒ​နယ်​မြေ၊ ရှိ​မောင်​နယ်​မြေ၊ ဗင်္ယာ​မိန် နယ်​မြေ​ထဲ​မှ​သတ်​မှတ်​ပေး​ကြ​သည်။-

5. ကျန်​ရှိ​နေ​သော​ကော​ဟတ်​သား​ချင်း​စု​တို့ အ​တွက်​မြို့​ဆယ်​မြို့​ကို​ဧ​ဖ​ရိမ်​နယ်​မြေ၊ ဒန် နယ်​မြေ၊ အ​နောက်​ဘက်​မ​နာ​ရှေ​နယ်​မြေ ထဲ​မှ​သတ်​မှတ်​ပေး​ကြ​သည်။

6. ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် သုံး​မြို့​ကို​ဣ​သ​ခါ​နယ်​မြေ၊ အာ​ရှာ​နယ်​မြေ၊ န​ဿ​လိ​နယ်​မြေ၊ အ​ရှေ့​မ​နာ​ရှေ​နယ်​မြေ​ထဲ မှ​သတ်​မှတ်​ပေး​ကြ​သည်။

7. မေ​ရာ​ရိ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် နှစ်​မြို့​ကို​ရု​ဗင်​နယ်​မြေ၊ ဂဒ်​နယ်​မြေ၊ ဇာ​ဗု​လုန် နယ်​မြေ​ထဲ​မှ​သတ်​မှတ်​ပေး​ကြ​လေ​သည်။

8. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည့်​အ​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​မဲ​ချ ၍​ဤ​မြို့​များ​နှင့်​စား​ကျက်​များ​ကို​လေဝိ အ​နွယ်​ဝင်​တို့​အ​တွက်​သတ်​မှတ်​ပေး​လေ​သည်။

11. ယု​ဒ​နယ်​မြေ​တောင်​ကုန်း​ဒေ​သ​ရှိ​ယ​ခု​အ​ခါ ဟေ​ဗြုန်​မြို့​ဟု​နာ​မည်​တွင်​သော​အာ​ဘ​မြို့(အာ​ဘ သည်​အာ​န​က​၏​အ​ဖ​ဖြစ်​၏) နှင့်​တ​ကွ​ပတ်​ဝန်း ကျင်​ရှိ​စား​ကျက်​များ​ကို​သူ​တို့​အား​ပေး​ကြ​၏။-

12. သို့​ရာ​တွင်​မြို့​ပတ်​ဝန်း​ကျင်​ရှိ​လယ်​ကွင်း​များ နှင့် ကျေး​ရွာ​များ​ကို​ယေ​ဖုန္နာ​၏​သား​ကာ​လက် အား​အ​ပိုင်​ပေး​ခဲ့​ပြီး​ဖြစ်​သည်။-

ယော​ရှု 21